ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးသည် ဒုတိယကမ္ဘာစစ်ကို စတင်စေခဲ့သော နေရာဖြစ်သည့် ပုလဲဆိပ်ကမ်းသို့ သွားရောက်မည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ကြေညာလိုက်ပြီး ယင်းနေရာသို့ သွားရောက်လည်ပတ်သည့် ပထမဆုံး ဂျပန်ခေါင်းဆောင်ဖြစ်လာတော့မည်ဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးသည် ဒုတိယကမ္ဘာစစ်ကို စတင်စေခဲ့သော နေရာဖြစ်သည့် ပုလဲဆိပ်ကမ်းသို့ သွားရောက်မည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ကြေညာလိုက်ပြီး ယင်းနေရာသို့ သွားရောက်လည်ပတ်သည့် ပထမဆုံး ဂျပန်ခေါင်းဆောင်ဖြစ်လာတော့မည်ဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ဒါဗို့စ်မြို့တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်မည်ဖြစ်ကြောင်း စီမံဆောင်ရွက်သည့် အဖွဲ့နှင့် နီးစပ်သည့် အမည်မဖော်လိုသော သတင်းအရင်း အမြစ်နှစ်ခုကို ကိုးကားပြီး Financial Times သတင်းစာက အင်္ဂါနေ့တွင် ဖော်ပြသည်။

နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် ဂျွန်ကီး(John Key) သည် နိုင်ငံ၏ လူကြိုက်အများဆုံး ဝန်ကြီးချုပ်တစ်ဦးအဖြစ် ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် နိုင်ငံနှင့် အစိုးရအဖွဲ့အား ၎င်းသည် ရာထူးမှနှုတ်ထွက်တော့မည် ဖြစ် ကြောင်း ဒီဇင်ဘာလ ၅ ရက်တွင် ရုတ်တရက်ကြေညာခဲ့သည်။

မြန်မာနိုင်ငံမှ ဘင်္ဂါလီအရေးကိစ္စနှင့် ပတ်သက်၍ လက်ရှိမလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်အနေနှင့် လူထုဆန္ဒ ပြပွဲကြီးကို ဦးဆောင်ပြုလုပ်နေမည့်အစား သံတမန်ရေးရာနည်းလမ်းဖြင့် ချဉ်းကပ်လုပ်ဆောင်သင့်သည်ဟု တစ်ချိန်က အာဆီယံတွင် သြဇာကြီးမားသည့် ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ဖူးသူ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်က ထောက်ပြဝေဖန်လိုက်ကြောင်း Free Malaysia Today (FMT) သတင်းစာက ရေးသား ဖော်ပြသည်။

ထိုင်းဘုရင် ဘူမိဘော ဈာပနာအတွက် လောင်တိုက်ပုံစံအား အနုပညာဌာနက ထုတ်ပြန်လိုက်ပြီး ဇန်နဝါရီတွင် စတင်တည်ဆောက်သွားရန် စီစဉ်ထားသည်။

ကွယ်လွန်သူ ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒယ်ကက်စထရို၏ အရိုးအိုးအား ညီဖြစ်သူနှင့် အရိုက်အရာ ဆက်ခံသူ သမ္မတ ရာအူးလ်ကက်စထရို ဦးဆောင် ကျင်းပသည့် ဈာပနာ အခမ်းအနားကို နိုင်ငံပိုင်ရုပ်မြင်သံကြားက ပထမဆုံးအဖြစ် နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်လွှင့်ပြသသည်။
ဩစတြေးလျတွင် ရုတ်တရက် ဖြစ်ပွားခဲ့သည့် မိုးကြိုးပန်းနာ ရောဂါကြောင့် သေဆုံးသူ အရေအတွက်သည် ၆ ဦးထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ကျူးဘား ကွန်မြူနစ်ခေါင်းဆောင်ဟောင်း ဖီဒယ်လ် ကက်စ်ထရိုသည် အသက် ၉၀ အရွယ်တွင် ကွယ်လွန်သွားကြောင်း သိရှိရသည်။

မိမိတို့နိုင်ငံတွင်းရှိ ကုန်သည်ငယ်များနှင့် နေ့စား ဝင်ငွေရရှိသူများ အနေဖြင့် ဒစ်ဂျစ်တယ်ငွေပေးချေမှု စနစ်ကို အသုံးပြုကြရန် အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒြာမိုဒီက နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားလိုက်သည်။

ခရစ္စမတ်နဲ့ နှစ်သစ်ကူးရာသီကာလ ဥရောပတလွှားမှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်တဲ့အန္တရာယ် မြင့်မားနေတဲ့ အတွက် အမေရိကန် နိုင်ငံသားတွေအနေနဲ့ သတိနဲ့ သွားလာကြဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက ခရီးသွား သတိရှိကြဖို့ နှိုးဆော်ထားပါတယ်။
