
ဟနွိုင်း၊ စက်တင်ဘာ ၁၄
မလေးရှား ရေနံတင် သင်္ဘောအား ပြန်ပေးဆွဲမှုဖြင့် သံသယရှိသည့် အင်ဒိုနီးရှား ပင်လယ်ဓားပြ ရှစ်ဦးအား ပြီးခဲ့သည့် နှစ်က ဖမ်းဆီးမိထားရမှ ဗီယက်နမ်နိုင်ငံသည် မလေးရှားသို့ တရားခံများလွှဲပြောင်းပေးရန် သဘောတူလိုက်သည်။
၎င်းတို့ရှစ်ဦးသည် ၂၀၁၅ ဇွန်လအတွင်းက ဗီယက်နမ် အနောက်တောင်ပိုင်းရှိ တိုချုကျွန်းပေါ်သို့ အသက်လှေ တစ်စင်းဖြင့် ရေမျော သောင်တင်လာခြင်းဖြစ်ပြီး ပင်လယ်တွင် မတော်တဆမှု ကြုံတွေ့လာခြင်း ဖြစ်သည်ဟု ပြောကြသည်။












