Gotthard မြေအောက် ဥမင်လိုဏ်ခေါင်းအား လပေါင်းများစွာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဆွစ်ဇာလန် ဖယ်ဒရယ်ပို့ဆောင်ရေးရုံးက မီးရထားများ လာမယ့်ရက်သတ္တပတ်မှာ အဆိုပါမြေအောက်လိုဏ်ခေါင်းကို အသုံးပြု ပြီး ခရီးသည်တင်ဆောင်မှုနှင့် ကုန်စည်ပို့ဆောင်မှုများ စတင်ပြုလုပ်နိုင်မှာဖြစ်ကြောင်း တနင်္လာနေ့ကပြောပါတယ်။













