ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၂၇
ပြီးခဲ့တဲ့သီတင်းပတ်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်ရဲ့ ဖအေတူမအေကွဲအစ်ကိုဖြစ်သူ ကင်ဂျုံးနမ်ကို အမျိုးသမီးနှစ်ဦးက VX ဓာတုအဆိပ်နဲ့ လုပ်ကြံခဲ့ရာ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်က ဘေးကင်းလုံခြုံမှုရှိတယ်လို့ မလေးရှားရဲအဖွဲ့က ဖေဖော်ဝါရီ ၂၆ ရက်မှာ ကြေညာပါတယ်။













