တရုတ်သည် ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ် H7 N9 ဖြစ်ပွားမှုကို အပြင်းထန်ဆုံး အခြေအနေနှင့် ကြုံတွေ့နေရပြီး ဇန်န၀ါရီ တစ်လတည်း၌ ၇၉ ဦး သေဆုံးခဲ့ကာ မွေးမြူ ရေးလုပ်ငန်း အများစုသည် ယင်းဗိုင်းရပ်စ်ကြောင့် ရပ်ဆိုင်း ခဲ့ရသည်။ ကြက်ငှက်တုပ်ကွေးရာသီတွင် သေဆုံးခဲ့သူဦးရေသည် ဇန်န၀ါရီလကုန်၌ ၁၀၀ အထိရှိခဲ့ကြောင်း အမျိုးသား ကျန်းမာရေးနှင့် မိသားစုစီမံကိန်း ကော် မရှင်က ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။













