ဗင်နီဇွဲလားနိုင်ငံတွင် ဥပဒေပြုလွှတ်တော်၏ လုပ်ပိုင်ခွင့်အာဏာများကို တရားလွှတ်တော်ချုပ်က လွှဲပြောင်း ချုပ်ကိုင်ရန် စီစဉ်ခဲ့မှုအပေါ် ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတို့က ၀ိုင်းဝန်းပြစ်တင် ခဲ့ကြသည်။ ယင်းလုပ်ရပ်မှာ အစိုးရ၏ အာဏာသိမ်းရန် ကြိုးပမ်းချက်သာ ဖြစ်သည်ဟုဆိုပြီး ယင်းအပေါ် ပြည်တွင်း၌ ကန့်ကွက်ဆန္ဒပြမှုများလည်း ပေါ်ပေါက်ထားခဲ့သည်။













