ထရန့်ကို ဆန့်ကျင်သူ စတိန်မီယာအား ဂျာမနီသမ္မတအဖြစ် ရွေးချယ်မည်

ဂျာမနီနိုင်ငံ၏ ထရန့် ဆန့်ကျင်ရေးသမားဟု ကင်ပွန်း တပ်ခံရသော ဗဟိုနှင့် လက်ဝဲယိမ်း နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဖရန်ဝေါလ်တာစတိန်မီယာသည် ဂျာမနီသမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရန် တာစူ နေပြီ ဖြစ်သည်။

 

(more…)


အာဆီယံအဖွဲ့တွင်း ပူးပေါင်းမှုမရှိရင် ဒေသတွင်းအကြမ်းဖက်မှု တိုးလာနိုင်

အရှေ့တောင်အာရှဒေသမှာ ၂၀၁၆ ခုနှစ်အတွင်း အကြမ်းဖက်လှုပ်ရှားမှုတွေ တိုးများလာခဲ့ပါတယ်။ အင်ဒို နီးရှား နိုင်ငံမှာ အကြမ်းဖက်သမားတွေလို့ သံသယရှိသူတွေ သေဆုံးမှုနဲ့ ဖမ်းဆီးရမိတဲ့ အရေအတွက်ဟာ (၂) ဆ တိုး များလာခဲ့ပြီး (၁၇၀) ဦး အထိ ရှိခဲ့ပါတယ်။

(more…)


တရုတ် ဆေးရုံတစ်ရုံ၏ အမှားကြောင့် လူနာ ၅ ဦးထက်မနည်း HIV ကူးစက်ခံရ

လုပ်ငန်းဆောင်ရွက်မှုအမှားအယွင်းကြောင့် အနည်းဆုံး လူနာ ၅ ဦးမျှကို HIV ရောဂါပိုး မတော်တဆ ကူးစက်စေမိခဲ့ကြောင်း တရုတ်ဆေးရုံတစ်ခုက ဝန်ခံခဲ့သည်။

 

(more…)


တောင်အာဖရိကလွှတ်တော်မှာ သမ္မတဇူးမား နိုင်ငံတော် မိန့်ခွန်းပြောစဉ် သတ်ပုတ်ရန်ပွဲဖြစ်ပွား

တောင်အာဖရိကနိုင်ငံက လွှတ်တော်အတွင်း သမ္မတဂျက်ကော့ဇူးမား နိုင်ငံတော်မိန့်ခွန်းပြောဖို့ လုပ်ချိန်မှာ အတိုက်အခံအမတ်တွေနဲ့ အစောင့်တွေကြား အပြန်အလှန် ထိုးကြိတ်သတ်ပုတ်မှု ဖြစ်ပွားပါတယ်။

 

(more…)


ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် ဂျပန်ဝန်ကြီးချုပ်အာဘေး အမေရိကန်သို့ ရောက်ရှိ

သမ္မတ ဒေါ်နယ်လ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အမေ ရိကန် မြေသို့ ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။

 

(more…)


“ခရီးသွားပိတ်ပင်မှု” ဆိုင်းငံ့မိန့် ကန်အယူခံတရားရုံး အတည်ပြု

မွတ်စလင်အများစုနေထိုင်တဲ့ နိုင်ငံ ၇ နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုထဲ ဝင်ရောက်ခွင့်ကို တားမြစ် တဲ့ သမ္မတ Donald Trump ရဲ့ အငြင်းပွားဖွယ် အမိန့်အတွက် ဝါရှင်တန် ပြည်နယ်တရားရုံးက ယာယီရပ်ဆိုင်း ထားတာနဲ့ တ်သက်ပြီး San Francisco အခြေစိုက် အမှတ် ၉ စီရင်စု အယူခံတရားရုံးက ဆက်လက် ဆိုင်းငံ့ထားဖို့ အတည်ပြုလိုက်ပါတယ်။

 

(more…)


တရုတ်နယ်စပ်ဒေသများ လုံခြုံရေးမြှင့်တင်နိုင်ရန် နိုင်ငံခြားသား ခရီးသွားများထံမှ လက်ဗွေရာယူပြီ

တရုတ်နိုင်ငံသည် နယ်စပ်ဒေသလုံခြုံရေး မြှင့်တင်သည့်အနေဖြင့် နိုင်ငံခြားသားခရီးသွားအားလုံး၏ လက်ဗွေရာများကို မှတ်တမ်းယူမှု စတင်ပြုလုပ်ပြီဖြစ်ကြောင်း ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်ကြေညာသည်။

 

(more…)


အမေရိကန် ဒုသမ္မတ၏ အဆုံးအဖြတ်မဲဖြင့် ပညာရေးဝန်ကြီးကို အတည်ပြုခန့်အပ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့၏ ပညာရေးဝန်ကြီးအဖြစ် ယခုအခါ ဘက်စီဒီဗို့စ် အား ဆိနိတ် လွှတ်တော်က အတည်ပြုခန့်အပ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

(more…)


ပီရူးသမ္မတဟောင်းတိုလယ်ဒို လာဘ်စားမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံရနိုင်ဖွယ်ရှိနေ

ပြင်သစ်နိုင်ငံသို့ခေတ္တရောက်ရှိနေသူ ပီရူးသမ္မတဟောင်း အလီဂျန်ဒရိုတိုလယ်ဒိုအား ဘရာဇီး ဆောက်လုပ်ရေး ကုမ္ပဏီကြီး Odebercht ထံမှ ဒေါ်လာ သန်း ၂၀ လာဘ်ယူထားကြောင်းတွေ့ရှိရ၍ ဖမ်းဆီးခွင့်ပြုရန် ရှေ့နေများက ဖေဖော်ဝါရီ ၆ ရက်နေ့က တောင်းဆိုထားကြသည်ဟု ဖေဖော်ဝါရီ ၈ ရက်နေ့ သတင်းများအရ သိရှိရသည်။

 

(more…)


ပြည်ဝင်ခွင့်ပိတ်ပင်တဲ့ သမ္မတအမိန့် အယူခံဝင်မှု နှစ်ဘက်လျှောက်လှဲချက်ပြီးဆုံး

ဒုက္ခသည်တွေနဲ့ မွတ်စလင်နိုင်ငံအများစု ၇ နိုင်ငံက နိုင်ငံသားတွေကို အမေရိကန်နိုင်ငံထဲ ယာယီဝင်ခွင့် ပိတ်ပင်တဲ့ သမ္မတ Donald Trump ရဲ့အမိန့်ကို ပြည်နယ်တရားသူကြီးတယောက်က ယာယီဖယ်ရှားခဲ့ပြီးနောက် ဒီအမိန့်ကို ပြန်လည်ပြဌာန်း သင့် မသင့်ဆိုတာကို အမေရိကန်အနောက်ဘက်ခြမ်း အယူခံတရားရုံးမှာ မကြာခင်အချိန်ကပဲ ကြားနာခဲ့ပါတယ်။

(more…)