ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံခေါင်းဆောင် ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီသည် ဖေဖော်ရီ ၂၁ ရက်က အသက် ၉၃ နှစ် ပြည့်သွားခဲ့ပြီဖြစ်သည်။ မူဂါဘီသည် အသက်အရွယ်ကြီး ရင့်လာပြီဖြစ်သည့်အတွက် ချည့်နဲ့ လာပြီဖြစ်လာကာ ကျန်းမာရေးမှာလည်း ယိုယွင်းနေပြီဖြစ်သော်လည်း အာဏာကို ဆက်လက်ကိုင်ဆွဲသွားမည် ဟု ကတိပြုထားသည်။













