စီးပွားဖြစ်သုံး အဝေးထိန်း လေယာဉ်ငယ်များကို Patriot ဒုံးကျည်များဖြင့် ပစ်ချရမည့် အခြေအနေကို အလေးအနက် ပြန်လည်စဉ်းစားသင့်ကြောင်း အမေရိကန် ဗိုလ်ချုပ်တစ်ဦးက ပြောကြားခဲ့သည်။

စီးပွားဖြစ်သုံး အဝေးထိန်း လေယာဉ်ငယ်များကို Patriot ဒုံးကျည်များဖြင့် ပစ်ချရမည့် အခြေအနေကို အလေးအနက် ပြန်လည်စဉ်းစားသင့်ကြောင်း အမေရိကန် ဗိုလ်ချုပ်တစ်ဦးက ပြောကြားခဲ့သည်။

မနှစ် နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင် သမ္မတဟောင်း Barack Obama က သူ့ရဲ့ဖုန်းကို ကြားဖြတ် နားထောင်ခဲ့တယ်ဆိုတဲ့ သမ္မတ Donald Trump ရဲ့ ပြောဆိုမှုဟာ အခြေအမြစ်မရှိကြောင်း အောက်လွှတ်တော် ထောက်လှမ်းရေးကော်မီတီက ထိပ်တန်းခေါင်းဆောင်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောကြား လိုက်ပါတယ်။

တရုတ်အနေဖြင့် ပိုင်နက်အငြင်းပွားမှုများ ရှိနေသည့် တောင်တရုတ်ပင်လယ်တွင် အကြီးစားဆိပ်ကမ်း တစ်ခု စတင်ဆောက်လုပ်ရန် ပြင်ဆင်နေပြီဟု ယုံကြည်ရကြောင်း သတင်းများ ထွက်ပေါ်လာသည်။

တောင်ကိုရီးယားနိုင်ငံမှာ သမ္မတသစ်ရွေးကောက်ပွဲကို လာမယ့် မေ ၉ ရက်နေ့မှာ ကျင်းပမယ့်အကြောင်း တောင်ကိုရီးယားအစိုးရက မတ်လ ၁၅ ရက်မှာ တရားဝင် ကြေညာလိုက်ပါတယ်။

တရုတ်အနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားသည်ကို မလိုလားကြောင်းနှင့် ဘုံတိုးတက်အောင်မြင်မှုရရှိစေရန် နှစ်နိုင်ငံကြား ဆွေးနွေးမှုများပြုလုပ်ရန် တိုက်တွန်းပါကြောင်း ဗုဒ္ဓဟူးနေ့ တွင် ဝန်ကြီးချုပ် လီကဲချန်က ပြောကြားခဲ့သည်။

ရီပတ်ဘလီကန်သမ္မတ ဒေါ်နယ်ထရန့်၏ ခရီးသွားလာခွင့်ပိတ်ပင်ခြင်း ပြန်လည်ပြင်ဆင်မည့်အမိန့်ကို ဒီမိုကရက်တို့ဦးဆောင်သည့် ပြည်နယ်များက ရပ်ဆိုင်းပေးရန် ပြည်ထောင်စုတရားရုံးကို ဖိအားပေးလျက် ရှိကြသည်။ အကောင်အထည်ဖော်ဖြစ်ပါက ကြာသပတေးနေ့တွင် စတင်လိမ့်မည်ဖြစ်သည်။

တောင်ကိုရီးယား သမ္မတဟောင်း ပက်ခ်ဂွမ်ဟေး အနေဖြင့် တရားရုံးတွင် လာရောက်စစ်ဆေးမှု ခံယူရန် အစိုးရရှေ့နေများက သမ္မန်စာ ပေးပို့လိုက်ကြောင်း သိရသည်။

ဆိုင်ဘက်ကနေ တိုက်ခိုက်တာတွေနဲ့ ဆိုင်ဘာ အကြမ်းဖက်ဝါဒကို နှိမ်နင်းဖို့အတွက် အင်တာနက်ကို အစိုးရက ပိုပြီး ထိန်းချုပ်နိုင်ရေး နိုင်ငံတကာ သဘောတူညီချက်တရပ်ရဖို့ တရုတ်က ကြိုးစားနေပါတယ်။ ရေမြေနယ်နိမိတ် တွေအပေါ် အချုပ်အခြာအာဏာ ပိုင်မှုဆိုင်ရာ လက်ရှိအနေအထားကို ဆိုင်ဘာနယ်ပယ်အထိ တရုတ်က ချဲ့ထွင် လုပ်ဆောင်ချင်တာပါ။

အမေရိကန် ထောက်လှန်းရေး CIA ရဲ့ hack လုပ် ဖေါက်ထွင်းတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက် တွေကို WikiLeaks အဖွဲ့က ရယူပြီး ဖြန့်ဝေနိုင်ခဲ့တဲ့ နောက်မှာ WikiLeaks ကို တည်ထောင်သူ Julian Assange က CIA ဟာ စိတ်ပျက်စရာ ကောင်းလောက်အောင် ညံ့ဖျင်းတယ်လို့ ပြောကြားလိုက်ပါတယ်။

တရားရုံး အဆုံးအဖြတ်အရ ပက်ခ်ဂွမ်ဟေးသည် ဒီမိုကရေစီ နည်းလမ်းဖြင့် ရွေးချယ် တင်မြှောက်ခံရသော်လည်း ရာထူးမှ ဖယ်ရှားခံရသည့် ပထမဆုံး တောင်ကိုရီးယား သမ္မတ ဖြစ်လာတော့မည်ဟု သိရသည်။
