နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ် အပါအဝင် ရုရှားအစိုးရ ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ထရမ့်သည် ရုရှားနှင့် တရားမဝင် ဆက်သွယ်မှုများ ရှိခဲ့ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်နေချိန်တွင် ထရမ့်က လက်ဗ်ရော့ဗ်နှင့် အမေရိကန်နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး ဆာဂျီ ကီဆဲလ်ယက်ခ်တို့ကို အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။













