တောင်ကိုရီးယားတွင် ဖြန့်ကျက်ထားသည့် THAAD ဒုံးခွင်းဒုံးစနစ်မှာ ကနဦးအဆင့် စတင်လည်ပတ် နိုင်စွမ်းရှိ နေပြီဟု အမေရိကန် စစ်တပ်က အတည်ပြုခဲ့သည်။ THAAD၏ လက်ရှိ အနေအထားမှာ မြောက်ကိုရီးယား ဘက်မှ ပစ်လွှတ်လိုက်သော ဒုံးကျည်များကို ကြားဖြတ်ဟန့်တားနိုင်ပြီး တောင်ကိုရီးယားကို အကာအကွယ် ပေးနိုင်စွမ်းရှိနေပြီဟု တောင်ကိုရီးယားရှိ အမေရိကန် အရာရှိတစ်ဦးက ဆိုသည်။ သို့သော် THAAD စနစ်၏ စွမ်းဆောင်ရည် အမြင့်ဆုံးအဆင့်ထိ ရောက်ရှိရန်မူ အားဖြည့်တပ်ဆင်မှုများ နောက်ထပ်လအနည်းငယ် ဆက်လက်လုပ်ဆောင်ရဦးမည်ဟု သိရသည်။













