ပြင်သစ်နိုင်ငံ၏ ရွေးကောက်ခံသမ္မတသစ်က မှန်းထားသည့်ရက်ထက် တစ်ရက်စောပြီး ကက်ဘိနက်အဖွဲ့အား မေ ၁၇ ရက်တွင် ဖွဲ့စည်းခန့်အပ်သည်။

ပြင်သစ်နိုင်ငံ၏ ရွေးကောက်ခံသမ္မတသစ်က မှန်းထားသည့်ရက်ထက် တစ်ရက်စောပြီး ကက်ဘိနက်အဖွဲ့အား မေ ၁၇ ရက်တွင် ဖွဲ့စည်းခန့်အပ်သည်။

သောင်းနှင့်ချီသော ဂရိလူမျိုးများသည် ခြိုးခြံချွေတာမှုအတွက် ပင်စင်လျှော့ချမည့် အစီအစဉ်သစ်ကို ဆန့်ကျင် သည့်အနေဖြင့် ဗုဒ္ဓဟူးနေ့တွင် ၂၄ နာရီကြာ သပိတ်မှောက် ဆန္ဒပြခဲ့ကြသောကြောင့် သွားရေးလာရေးအတွက် အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ပိတ်ထားရသည်။

ဂျပန် တော်ဝင်မိသားစုမှ မင်းသမီးတစ်ပါးသည် သာမန် အရပ်သားတစ်ဦးကို လက်ထပ်ရန် သူမ၏ တော်ဝင် ဂုဏ်ပုဒ်ကို စွန့်လွှတ်သွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးမှု မူဘောင်အောက်တွင် ပြောင်းလဲမှုကြီးတစ်ရပ်ဖြစ်ပေါ်လာရေး အစိတ်အပိုင်းတစ်ခုအနေဖြင့် လမ်းမကြီးများ နှင့် ရထားလမ်းများအား ပိုမို အလေးပေးလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Arkhom Termpittayapaisith က မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၅၀ ကို သက်ရောက်မှု ဖြစ်စေခဲ့သည့် “Ransomware” ဆိုက်ဘာ တိုက်ခိုက် မှုတွင် ဒေါ်လာ ၇၀,၀၀၀ ဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း အိမ်ဖြူတော်က မေလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

မြောက်ကိုရီးယားနိုင်ငံသည် ၄င်းတို့၏ နျူကလီးယားနှင့် တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုများကို ရပ်တန့် မှာသာလျှင် အမေရိကန်ပြည်ထောင်စုဘက်မှ ဆွေးနွေးမှုများပြုလုပ်ရန် စဉ်းစား ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ၀ါရှင်တန်၏ ကုလသမဂ္ဂသံတမန်ဖြစ်သူက အင်္ဂါနေ့တွင် ပြောခဲ့သည်။

ရုရှားတာဝန်ရှိသူများအား လုံခြုံရေးအဆင့် သတင်းအချက်အလက်များ ဖောက်သည်ချခဲ့ခြင်းနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခုခံကာကွယ်ပြောဆို နေရသည်။

မူးယစ်မှောင်ခိုကုန်ကူးဂိုဏ်းများ ကြီးစိုးရာ မက္ကဆီကိုနိုင်ငံတွင် ယခုနှစ်အတွင်း ငါးဦးမြောက်အဖြစ် လူသိ ထင်ရှားသော သတင်းထောက်တစ်ဦးအား သတ်ဖြတ်ခဲ့ကြသူများကို ဖမ်းဆီးပေးရန် မီဒီယာနှင့် အခွင့်အရေး အုပ်စုများက မေ ၁၆ ရက်တွင် တောင်းဆိုဆန္ဒပြကြသည်။

အိုင်ဗရီကို့စ်အစိုးရဘက်မှ လစာပေးချေရန်သဘောတူညီခဲ့ပြီး အငြင်းအခုံဖြစ်မှုကို အဆုံးသတ်ခဲ့သောကြောင့် နိုင်ငံတစ်ဝှမ်း၌ ဖြစ်ပွားခဲ့သော လေးရက်တာ တပ်တွင်းပုန်ကန်မှုကို ပုန်ကန်သော စစ်သားများက အင်္ဂါနေ့တွင် ရပ်တန့်ခဲ့ကြသည်။

မြောက်ကိုရီးယားရဲ့ အခုနောက်ဆုံး ဒုံးကျည်စမ်းသပ်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက မနက်ဖြန် အင်္ဂါနေ့မှာ အရေးပေါ်အစည်းအဝေး ကျင်းပဖို့ရှိနေပါတယ်။ မြောက်ကိုရီးယား ဘက်က အရင်က မစမ်းသပ်ဖူးတဲ့ ဒုံးကျည် အမျိုးစားသစ်တမျိုးကို မနေ့ တနင်္ဂနွေနေ့က စမ်းသပ်ခဲ့ပြီးနောက်မှာ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား တို့က အရေးပေါ် ဆွေးနွေးကြဖို့ တောင်းဆိုခဲ့တာပါ။
