ဝန်ကြီးချုပ် ပယာရွတ်သ်ချန်အိုချာကို လုပ်ကြံရန် ကြံစည်မှုတစ်ခုကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ကြောင်း ထိုင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် ပယာရွတ်သ်ချန်အိုချာကို လုပ်ကြံရန် ကြံစည်မှုတစ်ခုကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ကြောင်း ထိုင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
တူရကီသမ္မတ အာဒိုဂန်က ဥရောပတွင် ဖက်ဆစ်ဝါဒ ခေါင်းထောင်လာသည်ဟု ထိုးနှက်ဝေဖန်လိုက်ပြီး ရွှေ့ပြောင်းဒုက္ခသည်ကိစ္စ အီးယူနှင့် သဘောတူညီထားမှုကို ဖျက်သိမ်းမည်ဟု ခြိမ်းခြောက်လိုက်ကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အစ်ကို ကင်ဂျုံနမ်ကို သတ်ဖြတ်မှုနဲ့ ဆက်နွယ်သူလို့ ယုံကြည်ရတဲ့ မြောက်ကိုရီးယားနိုင်ငံသား ၄ ဦးကို နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) က “အလိုရှိ” စာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ မလေးရှားရဲချုပ်က မတ် ၁၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို လူသတ်မှုများ၊ ဖွဲ့စည်းပုံဥပဒေချိုးဖောက်မှု၊ ပြည်သူတို့ ယုံကြည်ချက်အပေါ် သစ္စာဖောက်မှု၊ လာဘ်စားမှုနဲ့ အခြားရာဇဝတ်မှုတွေနဲ့ အတိုက်အခံအမတ်တစ်ဦးက လွှတ်တော်မှာ မတ် ၁၆ ရက်က ပထမဆုံးအဖြစ် စွပ်စွဲလိုက်ပါတယ်။
နယ်သာလန်နိုင်ငံက ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် မတ်ရုခ်ရဲ့ ဗဟိုလက်ယာ VVD ပါတီက အနိုင် ဦးဆောင်နေရာ အီးယူခေါင်းဆောင်တွေက ကြိုဆိုဂုဏ်ပြုလိုက်ကြပါတယ်။
အမျိုးသားထောက်လှန်းရေးအဖွဲ့ အကြီးအကဲအဖြစ် သမ္မတ Donald Trump အမည်စာရင်း တင်သွင်း ထားတဲ့ အထက်လွှတ်တော်အမတ်ဟောင်း Dan Coats ကို အထက်လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ အတည် ပြုပေးလိုက်တယ်လို့သိရပါတယ်။
အမျိုးသားထောက်လှန်းရေးအဖွဲ့ အကြီးအကဲသစ် Dan Coats
၂၀၁၄ ခုနှစ်တုန်းက Yahoo Website ကို ဖေါက်ထွင်းပြီး သန်းပေါင်းရာနဲ့ချီတဲ့ လူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ခိုးယူမှုနဲ့ သံသယရှိသူ ရုရှားသလျှို နှစ်ဦးနဲ့ သံသယရှိသူ နောက်ထပ် နှစ်ဦးကို အမေရိကန် တရားရေးဌာနက စွဲချက်တင်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။
အမေရိကန် တရားရေးဌာန လက်ထောက် ရှေ့နေချုပ် Mary McCord
စီးပွားဖြစ်သုံး အဝေးထိန်း လေယာဉ်ငယ်များကို Patriot ဒုံးကျည်များဖြင့် ပစ်ချရမည့် အခြေအနေကို အလေးအနက် ပြန်လည်စဉ်းစားသင့်ကြောင်း အမေရိကန် ဗိုလ်ချုပ်တစ်ဦးက ပြောကြားခဲ့သည်။
မနှစ် နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင် သမ္မတဟောင်း Barack Obama က သူ့ရဲ့ဖုန်းကို ကြားဖြတ် နားထောင်ခဲ့တယ်ဆိုတဲ့ သမ္မတ Donald Trump ရဲ့ ပြောဆိုမှုဟာ အခြေအမြစ်မရှိကြောင်း အောက်လွှတ်တော် ထောက်လှမ်းရေးကော်မီတီက ထိပ်တန်းခေါင်းဆောင်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောကြား လိုက်ပါတယ်။
တရုတ်အနေဖြင့် ပိုင်နက်အငြင်းပွားမှုများ ရှိနေသည့် တောင်တရုတ်ပင်လယ်တွင် အကြီးစားဆိပ်ကမ်း တစ်ခု စတင်ဆောက်လုပ်ရန် ပြင်ဆင်နေပြီဟု ယုံကြည်ရကြောင်း သတင်းများ ထွက်ပေါ်လာသည်။