ကမ္ဘောဒီးယားနှင့် ဗီယက်နမ် တို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးမြှင့်ရန် ဧပြီ ၂၄ရက်တွင် နယ်စပ်တံတား အသစ် တစ်စင်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ မဲခေါင်မြစ်ဝှမ်းဒေသရှိ မြစ်တစ်စင်းကို ဖြတ်ကျော်သွယ်တန်း ထားသော ထိုတံတားအား နှစ်နိုင်ငံ ပူးတွဲတည်ဆောက်ခဲ့ခြင်းဖြစ်သည်။













