တရုတ်နိုင်ငံခြားရေးဝန်ယီက အမေရိကန်-တောင်ကိုရီးယားပူးတွဲ စစ်ရေးလေ့ကျင့်မှုရန်တန့်ရန် တိုက်တွန်း လိုက်ပြီး မြောက်ကိုရီးယား၏နျူကလီးယားအစီအစဉ်ကိုလည်း ရပ်တန့်ကာ ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှုများကို အဆုံးသတ်ရန်လည်း တိုက်တွန်းလိုက်ကြောင်း AFP သတင်းက ဧပြီ ၂၇ ရက်တွင် ဖော်ပြ လိုက်သည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ရုရှားသမ္မတ ပူတင်တို့ မော်စကို၌ တွေ့ဆုံဆွေးနွေး
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်အတူ မော်စကို၌ အစည်းအဝေး တစ်ရပ် ကျင်းပလျက်ရှိကြောင်း သိရသည်။
ပါလီမန်ဥက္ကဋ္ဌသစ် ရွေးချယ်မှုကို မကျေနပ်၍ မက်ဆီဒီုးနီးယား ပါလီမန်အတွင်းသို့ ဆန္ဒပြသူများ ဝင်ရောက်စီးနင်း
DSM ပါတီ နှင့် အယ်လ်ဘေးနီးယားပါတီငယ် သုံးခုမှ ပါလီမန်အမတ်များသည် အယ်လ်ဘေးနီးယား ပါတီငယ်တစ်ခုဖြစ်သော DUI ပါတီမှ Tallat Xhaferi အား ပါလီမန်ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခဲ့ပြီးနောက် ဥက္ကဋ္ဌသစ်ရွေးချယ်မှုအား မကျေနပ်သော ဆန္ဒပြသူများသည် မက်ဆီဒိုးနီးယား ပါလီမန် အဆောက်အအုံ အတွင်းသို့ ဧပြီ ၂၇ ရက် နေ့လည်ပိုင်းက အတင်းဝင်ရောက်လာ ခဲ့ကြကြောင်းသိရသည်။
မြောက်ကိုရီးယား အရေးတွင် တရုတ်သမ္မတ၏ ပါဝင်ဆောင်ရွက်မှုကို ထရမ့်ချီးကျူး
မြောက်ကိုရီးယား အရေးတွင် တရုတ်သမ္မတ စီကျင်းပင်၏ ပါဝင်ဆောင်ရွက်မှုများကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ချီးကျူးလိုက်သည်။
ဖိလစ်ပိုင် ရဲစခန်းတစ်ခုတွင် လျှို့ဝှက် အချုပ်ခန်းတစ်ခု ရှာတွေ့
ဖိလစ်ပိုင်ရဲစခန်းတစ်ခုတွင် မှတ်တမ်းရေးမှတ်ခြင်းမရှိဘဲ လူအများကို ချုပ်နှောင်ထားသည့် ကျဉ်းမြောင်း မှောင်မည်းသော အချုပ်ခန်းတစ်ခု ရှာတွေ့ခဲ့ကြောင်း သိရသည်။
အစ္စရေးက မိမိတို့ စစ်စခန်းကို ဒုံးကျည်ဖြင့် ပစ်ခတ်သည်ဟု ဆီးရီးယား စွပ်စွဲ
အစ္စရေးဒုံးကျည်များ ထိမှန်မှုကြောင့် ဒမတ်စကက်မြို့တော်အနီးရှိ ဆီးရီးယားစစ်စခန်းတစ်ခုတွင် ကြီးကြီး မားမား ထိခိုက်ပျက်စီးမှုများ ဖြစ်ခဲ့ကြောင်း ဆီးရီးယားအစိုးရ မီဒီယာက စွပ်စွဲလိုက်သည်။
မြောက်ကိုရီးယားနိုင်ငံ၏ နှစ်ပတ်လည် တပ်မတော်နေ့ အခမ်းအနားကို စစ်ရေး လေ့ကျင့်မှုဖြင့် ဂုဏ်ပြု
တောင်ကိုရီးယားနိုင်ငံက တင်းမာမှုဖြစ်နေသည့် ဒေသတွင် အမေရိကန်လေယာဉ်တင်သင်္ဘောနှင့်အတူ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် နျူကလီးယား လက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယားနိုင်ငံက အင်္ဂါနေ့တွင် ကျရောက်သည့် တပ်မတော်နေ့ နှစ်ပတ်လည် အခမ်းအနားကို စစ်ရေးလေ့ကျင့်ပစ်ခတ်မှုဖြင့် ဂုဏ်ပြုလိုက်ကြောင်း သိရသည်။
ကုန်သွယ်ရေးတိုးမြှင့်ရန် ကမ္ဘောဒီးယား-ဗီယက်နမ် နယ်စပ်တံတား အသစ်ဖွင့်လှစ်
ကမ္ဘောဒီးယားနှင့် ဗီယက်နမ် တို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးမြှင့်ရန် ဧပြီ ၂၄ရက်တွင် နယ်စပ်တံတား အသစ် တစ်စင်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ မဲခေါင်မြစ်ဝှမ်းဒေသရှိ မြစ်တစ်စင်းကို ဖြတ်ကျော်သွယ်တန်း ထားသော ထိုတံတားအား နှစ်နိုင်ငံ ပူးတွဲတည်ဆောက်ခဲ့ခြင်းဖြစ်သည်။
မလေးရှား ဘုရင်အဖြစ် ပဉ္စမမြောက် ဆူလတန် မူဟာမက် တင်မြှောက်ခံရ
ပဉ္စမမြောက် ဆူလတန် မူဟာမက်သည် မလေးရှားနိုင်ငံ၏ ဘုရင်အသစ်အဖြစ် ဧပြီ ၂၄ ရက်တွင် တရားဝင် တင်မြှောက်ခံခဲ့ရသည်။ နန်းတက်ပွဲအခမ်းအနားကို အမျိုးသားနန်းတော်တွင် ခမ်းခမ်းနားနား ကျင်းပ ခဲ့သည်။ လူမျိုးနှင့် ဘာသာ ရေးအကွဲကွဲ အပြားပြားဖြစ်နေသော မလေးရှားနိုင်ငံ စုစည်းညီညွတ်ကြရန် ဘုရင်မင်းမြတ်က မိန့်ကြားသည်။
တူရကီ နိုင်ငံ က အီရတ် နှင့် ဆီးရီးယား နယ်နိမိတ်အတွင်း ဗုံးကြဲ တိုက်ခိုက်ခဲ့ရာတွင် Kurds လက်နက်ကိုင် တပ်ဖွဲ့ဝင် ၇၀ ခန့်သေဆုံး
တူရကီနိုင်ငံ စစ်ဘက်ဆိုင်ရာ ညွှန်ကြားရေး ဌာနချုပ် ၏ ဧပြီလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် တူရကီနိုင်ငံမှ တိုက်လေယာဉ်များသည် အီရတ်နိုင်ငံနှင့် ဆီးရီးယားနိုင်ငံ နယ်နိမိတ်အတွင်းရှိ Kurds လက်နက်ကိုင် တပ်ဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာတွင် ၎င်းလက်နက်ကိုင် တပ်ဖွဲ့ဝင် ၇၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။