မြောက်ကိုရီးယားတို့ သြဂုတ်လ ၂၉ ရက်က ပစ်လွှတ်လိုက်ပြန်တဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်းဟာ ဂျပန်နိုင်ငံပေါ်ကနေ ဖြတ်ပြီး ဟော့ကိုင်းဒိုးကျွန်းအနီး ပင်လယ်ထဲ ကျသွားခဲ့တယ်လို့ ဂျပန်အစိုးရနဲ့ တောင်ကိုရီးယားစစ်တပ်တို့က ပြောပါတယ်။
ပြုံယမ်းအာဏာပိုင်တွေအနေနဲ့ ၎င်းတို့ရဲ့ ဒုံးကျည်စမ်းသပ်မှုတွေနဲ့အတူ ဒေသတွင်းတင်းမာမှုတွေ မြင့်တက်နေစေချိန်မှာပဲ ယခုတစ်ကြိမ် နောက်ထပ် ပစ်လွှတ်မှုတစ်ခုကို ထပ်မံလုပ်ဆောင် လာခဲ့ပြန်တာဖြစ်ပါတယ်။


