မိုင်ယာမီ၊ အမေရိကန်၊ စက်တင်ဘာ ၆
မုန်တိုင်းအဆင့်သတ်မှတ်ချက် ၅ ရှိသော ဟာရီကိန်းမုန်တိုင်းအာမာသည် အင်္ဂါနေ့အနှောင်းပိုင်းတွင် ပိုမိုအင် အားကောင်းလာခဲ့ပြီး တစ်နာရီလျှင် လေတိုက်နှုန်း ၂၉၅ ကီလိုမီတာအရှိန်ဖြင့် ပွေတိုရီကိုနှင့် ကာရေဘီယန် အရှေ့မြောက်ပိုင်းရှိ ကျွန်းစုများသို့ ဦးတည်ရွေ့လျားသွားကြောင်း အမေရိကန်ဟာရီကိန်း စောင့်ကြည့်လေ့လာ ရေးစင်တာက အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။







