ဂျပန်နပန်းသမားဘဝကနေ ထင်ပေါ်တဲ့ နိုင်ငံရေးသမားဖြစ်လာတဲ့ ကန်ဂျီအီနိုကီဟာ မြောက်ကိုရီးယားနိုင်ငံကို စက်တင်ဘာ ၇ ရက်မှာ အလည်အပတ် ရောက်ရှိသွားခဲ့ပါတယ်။


မြောက်ကိုရီးယားအစိုးရ သတင်းမီဒီယာ ကေစီအန်အေကနေ ရိုက်တာသတင်းဌာနကို ပေးပို့တဲ့ ဗွီဒီယိုဖိုင်မှာ ကန်ဂျီအီနိုကီနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပြုံယမ်း နိုင်ငံတကာလေဆိပ်ကို ရောက်ရှိသွားတာ တွေ့ရပါတယ်။









