
အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကတ်ရှ်မီးယားဒေ၌ ဧပြီလ ၂၂ ရက်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက် မှုတစ်ရပ်ကြောင့် အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား တင်းမာမှုမြင့်တက်လာ ချိန်တွင် အိန္ဒိယနိုင်ငံအတွင်း နေထိုင်သည့် ပါကစ္စတန်နိုင်ငံသားများသည် နယ်စပ်ပေါက်များဆီသို့ ဦးတည်ထွက်ခွာနေကြောင်း ယနေ့သတင်းများတွင် ဖော်ပြထားသည်။
ဧပြီလ ၂၂ ရက်က အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနိုင်ငံအတွင်းရောက်ရှိနေသည့် ပါကစ္စတန်နိုင်ငံသားအားလုံး ပြန်လည်ထွက်ခွာရန် အိန္ဒိယအစိုးရက ညွှန်ကြားထားသည်။






