
အဖိုးတန်ရတနာတွေ အခိုးခံရပြီးနောက် ပါရီမြို့က ကမ္ဘာကျော် လုဗ် ပြတိုက် ဆက်လက်ပိတ်ထား
================
အဖိုးတန်ကျောက်မျက်ရတနာတွေ ခိုးယူခံရပြီးနောက် ပြင်သစ်နိုင်ငံ ပါရီမြို့က ကမ္ဘာကျော် လုဗ် ပြတိုက်ကို ပိတ်ထားရဆဲဖြစ်တယ်လို့ သိရပါတယ်။
လုဗ်ပြတိုက်ဟာ ကမ္ဘာမှာ နာမည်အကျော်ဆုံး အနုပညာလက်ရာတွေအပြင် နန်းစင်ရတနာတွေနဲ့ အဖိုးတန်ရတနာ ပစ္စည်းတွေထားရှိရာပြတိုက်ဖြစ်လို့ ကမ္ဘာမှာ လူအများဆုံး လာရောက်လည်ပတ်ကြည့်ရှုတဲ့ ပြတိုက်လည်းဖြစ်တယ်လို့ သိရပါတယ်။









