စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့၊ မြကန်သာရပ်ကွက်အနောက်ပိုင်း ဗာဂျီးနီးယားဆေးဂိုဒေါင် အနောက်ဘက် အမှတ်(၄) တောင်မြောက်လမ်းမကြီးမှစ၍ အမှတ်(၅)၊ အမှတ်(၆)၊ အမှတ်(၇) လမ်းမကြီးအတွင်းရှိ နေအိမ်များမှာ နှစ်စဉ်မိုးရွာသွန်းတိုင်း ရေကြီးနစ်မြုပ်လျက်ရှိပါတယ်။ ရပ်ကွက်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ ၀န်ထမ်းများ၊ ဈေးရောင်းဈေး ၀ယ်သူများအနေဖြင့် ရွှံ့ဗွက်များ၊ ရေများထဲတွင် ဆင်းရဲပင်ပန်းစွာ သွားလာနေကြရပါတယ်။




