ရေဦးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများပုံပါ ဗီနိုင်းဆိုင်းဘုတ်တင်

 

ရေဦး စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် အဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခန့်က မြို့နယ်ပါတီအား ကိုယ်စားပြု၍ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများပုံပါ ဗီနိုင်း ဆိုင်းဘုတ်တင် မင်္ဂလာ အခမ်းအနား ကျင်းပခဲ့သည်။

တန့်ယန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စစ်ဆေးရေးဂိတ်တာဝန်ကျ စေတနာ့ဝန်ထမ်းများသို့ ရေသန့်နှင့် အာဟာရလှူဒါန်း

 

တန့်ယန်း စက်တင်ဘာ

တန့်ယန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မြို့နယ် ပါတီကော်မတီဝင်များက မိုင်းပတ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် စစ်ဆေးရေးဂိတ်တွင် တာဝန်ကျ နေသည့် စေတနာ့ ဝန်ထမ်းများအား ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုပ်တို့ကို သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။


အထက်မင်းလှတွင် ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တင်

 

မင်းလှ စက်တင်ဘာ

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ နံနက် ၇ နာရီက ပါတီရုံးရှေ့တွင် အမွှေးနံ့သာများ ပက်ဖျန်းကာ အောင်နိုင်ရေး ဆိုင်းဘုတ်ထူခဲ့ပြီး ပါတီဝင်များအားလုံးက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။

ကမာရွတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်များ မြို့နယ်အတွင်း လူစည်ကားသည့် နေရာများတွင် စိုက်ထူ

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်းများ၏ အောင်နိုင်ရေးဗီနိုင်း ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီကစတင်ကာ မြို့နယ်ပါတီ ရုံးရှေ့မှစတင်၍ မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် စိုက်ထူခဲ့ကြောင်း သိရသည်။

လားရှိုးမြို့နယ် ပြည်ခိုင်ဖြိုးပါတီစောင့်ကြည့်စခန်းသို့ ကာကွယ်ရေးပစ္စည်းများလှူ

 

လားရှိုးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက စက်တင်ဘာ ၁၅ ရက်တွင် မိုးကုတ်တရားရိပ်သာ၌ ဖွင့်လှစ်ထားသည့် Quarantine Center သို့ PPE ဝတ်စုံ၊ Mask နှင့် Hand Gel များ သွားရောက် လှူဒါန်းခဲ့သည်။


တောင်သာမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ Green Campaign ပြုလုပ်မှုအား ဒုဥက္ကဋ္ဌ ဦးလှထွန်း သွားရောက် အားပေး

 

တောင်သာ စက်တင်ဘာ ၁၂

စက်တင်ဘာ ၁၁ ရက် မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ၂၀၂၀ အထွေအထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ လှည့်လည်ကာ Green Campaign ပြုလုပ်ခြင်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း သွားရောက်ကြည့်ရှု အားပေး ခဲ့သည်။

ကရင်ပြည်နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး ဖာပွန်မြို့နယ်တွင် ကိုယ်စားလှယ်လောင်း ဗီနိုင်းဆိုင်းဘုတ် များစိုက်ထူ

 

ဖာပွန် စက်တင်ဘာ

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် ယမန်နေ့ နံနက် ၇ နာရီခွဲမှ ၁၁နာရီခွဲအထိ ဖာပွန်မြို့ အမှတ် (၂) ရပ်ကွက် ပြည်ခိုင်ဖြိုးရုံးရှေ့၊ မဲသလွတ်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာ အုပ်စု၊ ဝှေ့ဆန်ကျေးရွာအုပ်စု၊ မထောကျေးရွာအုပ်စုစသည့် ရပ်ကွက်ကျေးရွာအုပ်စုများတွင် ကိုယ်စား လှယ်လောင်း ဗီနိုင်းဆိုင်းဘုတ် ၁၅ခု စိုက်ထူခဲ့သည်။ အဆိုပါ ကိုယ်စားလှယ်လောင်း ဗီနိုင်းစိုက်ထူပွဲများသို့ ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဒေသငါးခုတွင် ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်များစိုက်ထူ အောင်နိုင်ရေးအလံများ လွှင့်ထူ

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု လွှတ်တော်အရပ်ရပ်မှ ကိုယ်စားလှယ်လောင်းများ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ဒေသတာဝန်ခံ များ၊ဝန်းရံသူပါတီဝင် လူငယ်မောင်မယ်များ ပါဝင်၍ ယမန်နေ့ နံနက် မင်္ဂလာအချိန်မှစ၍ ဖြူးဒေသ၊ အုတ်ဖြတ်ဒေသ၊ညောင်ပင်သာဒေသ၊ ကညွတ်ကွင်းဒေသနှင့် ဇေယျဝတီ ဒေသများသို့ လှည့်လည်၍ လွှတ်တော်အရပ်ရပ်မှ ကိုယ်စားလှယ်လောင်းများ၊ ဓာတ်ပုံပါ အောင်နိုင်ရေး ဆိုင်းဘုတ်များ စိုက်ထူ၍ အောင်နိုင်ရေးအလံများ လွှင့်ထူ ခဲ့ကြကြောင်း သိရသည်။ ကျော်ဆွေဝင်း(ရွှေအင်း)

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နေအိမ်ကန့်သတ်ထားသည့် ပြည်သူများအား ကြက်သွန်နှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်

 

မကွေး စက်တင်ဘာ

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်ကြသော ပြည်သူ့လွှတ်တော် ဦးအောင်သိန်းကျော်၊ အမျိုးသားလွှတ်တော် ဦးကြည်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော် ဦးတင်မျိုးဇော်၊ ဦးတင် ဌေးအောင် အပါအဝင် အလှူရှင်များလှူဒါန်း သော ကြက်သွန်နှင့် ကြက်ဥများအား ဃသလငိ-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် အတည်ပြု ပိုးတွေ့လူနာ တစ်ဦးတွေ့ရ၍ နေအိမ်ကန့်သတ်ခြင်း ခံထားရသော လျောင်းတော် ဦးကျေးရွာရှိ အိမ်ခြေ ၄၂ဝ အတွက် တစ်အိမ်ထောင်လျှင် ကြက်ဥလေးလုံး၊ ကြက်သွန် ၅ဝ ကျပ်သားနှုန်းဖြင့် ယမန်နေ့ နံနက်ပိုင်းက သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။ ဝင်းမောင်(မကွေး)

မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများပုံပါ ဗီနိုင်းဆိုင်းဘုတ်စိုက်ထူ

 

မအူပင် စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပုံပါဗီနိုင်းဆိုင်းဘုတ် စိုက်ထူခြင်းကို ယမန်နေ့က မအူပင် မြို့နယ် ခနောင်ထော်ကျေးရွာ၌ ခနောင်ထော်ကျေးရွာ ပါတီအောင်နိုင်ရေး အဖွဲ့များက ပြုလုပ်ခဲ့ကြောင်း သိရ သည်။ ဖြိုးမောင်ဇော်(မအူပင်)