
ဇူလိုင် ၉၊ မင်းလှ
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စမ်းကြီးကျေးရွာမှ အရေးပေါ်လူနာ ဒေါ်သိန်းအေး (၄၄)နှစ်သည် သွေးလိုအပ်သဖြင့် မင်းလှမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီဝင် ဒေါ်အေးအေးစန်းမှ သွားရောက်လှူဒါန်းခဲ့ပါသည်။
အဆိုပါ ဒေါ်အေးအေးစန်းမှ (၁၂)ကြိမ်မြောက် သွေးလှူဒါန်းခဲ့ခြင်းဖြစ်ပြီး လူနာနှင့် သွေးလှူရှင်အား မြို့နယ်ပါတီကော်မတီဝင်များမှ ဆေးရုံသို့ သွားရောက်၍ အားပေးစကားများ ပြောကြားခြင်းနှင့် လိုအပ်သော အထောက်အပံ့များ ပေးအပ်ခဲ့ကြပါသည်။




ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ပါတီရုံးသို့ သွားရောက်ကာ ပါတီရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးပါတီကော်မတီဝင်များနှင့် တွေ့ဆုံပြီး ပါတီပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးကိစ္စများ ၊ နိုင်ငံတွင်းလတ်တလောဖြစ်ပေါ်နေသော အခြေအနေများ၊ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များအား တွေဆုံဆွေးနွေးခဲ့ပါသည်။






