ညောင်လေးပင်၊ အောက်တိုဘာ ၁
ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ယမန်နေ့ မနက် ၈ နာရီချိန်မှ စတင်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို ကိုဗစ်-19 ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးခဲ့ကြသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ညောင်လေးပင်မြို့နယ် အတွင်းရှိ အင်းဝိုင်းကျေးရွာ၊ တရုတ်စု၊ ကျွန်းစု၊ ကွင်းဒလ၊ ဘူတာစု၊ ရေကြည်ချောင်းကျေးရွာများသို့ သွားရောက်ပြီး တစ်အိမ်တက်ဆင်း(Door to Door)စနစ်ဖြင့် လက်ကမ်းစာစောင်များဝေငှ၍ စည်းရုံးရေးဆင်းခဲ့ကြသည်။