
မြန်မာ့ကော်ဖီကို ပထမဆုံးအကြိမ်ဖြစ် အမေရိကန်နိုင်ငံသို့ တင်ပို့ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံကော်ဖီ စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းသူများ အစုအဖွဲ့မှ သတင်းရရှိသည်။ မြန်မာနိုင်ငံမှ အရည်အသွေးမြင့် အာရေဘီကားကော်ဖီကို ၂၆တန်(ကွန်တိန်နာ ၂လုံး)တင်ပို့နိုင်ရန် သဘောတူထားပြီး စာချုပ်ကို ယခုလ အတွင်း ချုပ်ဆိုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းသူများ အစုအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြင့် က ပြောသည်။







