ဘိုကလေးပြည်ခိုင်ဖြိုး ရပ်/ကျေးခေါင်းဆောင်များ၊ အမာခံကေဒါများ ရွေးချယ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးပါတီ (ပ၊ ဒု) ခေါင်းဆောင်များနှင့် အမာခံကေဒါများ နောက်ဆုံးအဆင့် စိစစ်ရွေးချယ်ပွဲ အခမ်းအနားကို မြို့နယ်ပါတီရုံးခန်းမ၌ ဇွန်လ (၁၂) ရက်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရွေးချယ်ရေးအဖွဲများဖြစ်ကြသော ခရိုင်ပါတီ အတွင်းရေးမှူး ဦးစောအောင် ချစ်ဆွေ၊ မြို့မိမြို့ဖ ဦးမောင်မောင်တာ၊ အငြိမ်စားကျောင်အုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဌေး၊ မြို့နယ် ပါတီ အတွင်းရေးမှူးနှင့် နယ်မြေတာဝန်ခံများ တက်ရောက်၍ အတည်ပြု ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

မွန်ဂိုလီးယားသမ္မတ မြန်မာနိုင်ငံသို့ လာမည်

မွန်ဂိုလီးယားသမ္မတ Tsakhiagiin Elbegdorj သည် မြန်မာနိုင်ငံသို့ ဇွန်လ (၁၄) ရက်မှ (၁၆) ရက်အထိ အလုပ်သဘော လာရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။ ခရီးစဉ်အတွင်း သဘာဝ သယံဇာတစီမံခန့်ခွဲခြင်းနှင့် ပတ်သက်၍ နော်ဝေးနိုင်ငံနှင့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုပါ ပြုလုပ်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇေယျကပြောသည်။

President os Mongolia

(more…)


ဂျပန်သံရုံးနှင့် JICA တို့၏ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံတွင် သင်တန်းလျှောက်ထားနိုင်

စိုက်ပျိုးရေးဆိုင်ရာနယ်ပယ်ရှိ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအစီအစဉ်များတွင် ပါဝင်၍ ဈေးကွက်နှင့် စီမံခန့်ခွဲမှု ဆောင်ရွက်နေသူ များ၏ Capacity Development ကို မြှင့်တင်ပေးရန်အတွက် ဂျပန်သံရုံးနှင့် JICA တို့၏ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံတွင် Training Program on Local Industry Development in Agricultural Regions by Strengthening Capacity of Management and Marketing(A) သင်တန်းကို စက်တင်ဘာလ (၅) ရက်မှ အောက်တိုဘာ (၈) ရက်အထိ သင်တန်းဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ (more…)


ပလောင်၊ ကိုးကန့် ၊ ရခိုင်အဖွဲ့များ တိုက်ပွဲရပ်ကြောင်း ကြေညာလျှင် တပ်မတော်နှင့် ဆွေးနွေးနိုင်မည် ဟုဆို

တပ်မတော်နှင့် စစ်ရေးတင်းမာနေသော လက်နက်ကိုင်များဖြစ်သည့် ပလောင်၊ ကိုးကန့်၊ ရခိုင် လက်နက်ကိုင်အဖွဲ့များဘက်က တိုက်ပွဲများရပ်ဆိုင်းသည့် ကြေညာချက်ထုတ်ပေးလျှင် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မည်ဟု တပ်မတော်ဘက်မှ သဘောထားရှိကြောင်း တပ်မတော်နှင့် နီးစပ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း)က ပြောကြားသည်။ (more…)


အခွန်ထမ်း ၁၀၀၀ ကို ထပ်မံ ရွေးထုတ်၍ ကိုယ်တိုင် အခွန်စည်းကြပ်သည့် စနစ်ဖြင့် ကောက်ခံမည်

အခွန်ဒုတိယ အများဆုံး ထမ်းဆောင်သည့် အခွန်ထမ်း ၁၀၀၀ ကို ထပ်မံရွေးထုတ်၍ ကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ် (Self -Assessment System – SAS) ဖြင့် ကောက်ခံနိုင်ရန် လုပ်ဆောင် နေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။ (more…)


ရပ်ကွက်တစ်ခုတွင် ခြောက်လနှင့်အထက် နေထိုင်သူများ အိမ်ထောင်စုစာရင်း ရမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်တစ်ခုတည်းတွင် ခြောက်လနှင့်အထက် နေထိုင်သူများကို အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားသည်။ (more…)


ငါးနှစ်ဆက်တိုက် နှစ်လဲမော်တော်ယာဉ် သက်တမ်းမတိုးသည့် ယာဉ်များကို မှတ်ပုံတင်ဖျက်သိမ်းမည်

ငါးနှစ်ဆက်တိုက်နှစ်လဲ မော်တော်ယာဉ်မှတ်ပုံတင်ခြင်းမရှိသည့် ယာဉ်များကို မော်တော်ယာဉ် ဥပဒေအရ မှတ်ပုံ တင်ဖျက်သိမ်းမည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိ သည်။

(more…)


ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ Social Media On Job Training သင်တန်းဖွင့်လှစ်

13445537_394789384029528_2976094495300095923_n

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သည့် Social Media On Job Training သင်တန်းကို ကာမိုင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ဇွန် (၁၁) ရက်နေ့ နံနက် (၉) နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့သည်။ (more…)


အထက ကာမိုင်းသို့ ဘင်ခရာပစ္စည်းများ လှူဒါန်း

13412999_255357541506642_2809791640539710874_n

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ အခြေခံပညာအထက်တန်း ကျောင်းသို့ ပြည်ခိုင်ဖြိုးပါတီမှ တန်ဘိုးအားဖြင့် ကျပ်(၈)သိန်းရှိ ဘင်ခရာ ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ (ဇွန်လ ၁၃) ရက် နံနက် (၁၀း၃၀) နာရီတွင် အဆိုပါကျောင်းရှိ မြစိမ်းရောင်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး သာသနာ့ရောင်ခြည် (နွေ) ဗုဒ္ဓဟူးဆွမ်းပတ် ဆွမ်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားတက်ရောက်

wed

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှု ဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး နှင့် အလုပ်အမှုဆောင်များနှင့်အတူ ယခုလ ၇ ရက် ညနေ ၅နာရီတွင် ပြုလုပ်သည့် ဟင်္သာတမြို့ ကြည့် ကန်ကျောင်းလမ်း သာသနာ့ရောင် ခြည်(နွေ)ဗုဒ္ဓဟူးဆွမ်းပတ် ဆွမ်း သိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနားသို့ တက် ရောက်ခဲ့သည်။