
ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များ တွေ့ဆုံရန် နေ့ရက်ကို အတိအကျ မသတ်မှတ် နိုင်သေးကြောင်း သတင်းရရှိသည်။
ဇူလိုင် ၄ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံညီလာခံအကြို ပြင်ဆင်ရေးဆပ် ကော်မတီ အစည်းအဝေး အပြီးတွင်‘‘ကျွန်တော်တို့ ဒီနေ့အထိတော့ ချိတ်ဆက်ပြီးတော့မှ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖွဲ့နဲ့ UNFC ခေါင်းဆောင်ပိုင်းတွေနဲ့က ခန့်မှန်းခြေအားဖြင့်တော့ ဒီလ ၁၈ ရက် လောက်မှာ တွေ့ဆုံဖြစ်မယ်ဆိုတဲ့ အနေအထားရှိပါတယ်။ တွေ့ဖို့ကတော့ ရန်ကုန်မှာပဲ ဖြစ်ဖို့များပါတယ်’’ဟု ကော်မတီဝင် ဦးခက်ထိန်နန်က ပြောသည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်