ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမျက်နှာ စုံညီအစည်းအဝေးနှင့် ပါတီပြန်လည် ပြင်ဆင်ဖွဲ့စည်းရေးအခမ်းအနားကို ယခုလ ၂၃ ရက် နံနက် (၉) နာရီက ပြည်နယ်ပါတီရုံးဒေါနခန်းမ၌ကျင်းပခဲ့သည်။
ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမျက်နှာ စုံညီအစည်းအဝေးနှင့် ပါတီပြန်လည် ပြင်ဆင်ဖွဲ့စည်းရေးအခမ်းအနားကို ယခုလ ၂၃ ရက် နံနက် (၉) နာရီက ပြည်နယ်ပါတီရုံးဒေါနခန်းမ၌ကျင်းပခဲ့သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အခြေခံ၍ ပေါ်ပေါက်လာသည့် ၂၁ ရာစု ပင်လုံညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး စုံလင်စွာ တက်ရောက်နိုင်စေမည့် ရလဒ် ကောင်းများကို မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေး ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ဆောင်ကြဉ်းနိုင် မည်ဟု မျှော်လင့်ကြောင်း နိုင်ငံတော်သမ္မတအမိန့်ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးကော်မရှင်က ထုတ်ပြန်ကြေညာသည်။ (more…)
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) သည် လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဆုံချက်ဖြစ် သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။
ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစည်းအဝေးသို့ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) မှ ကိုယ်စားလှယ်ခြောက်ဦး တက်ရောက်မည်ဖြစ်ကြောင်း UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တွဲဖက် အထွေထွေ အတွင်းရေးမှူး (၂) ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။ (more…)
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံရုံးအတွင်း ယမန်နေ့ (ဇူလိုင် ၂၄ ရက်) ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားသည်မှာ ပုံမှန်လုံခြုံရေး လေ့ကျင့်မှုတစ်ရပ် ပြုလုပ်ခဲ့ရာမှ အမှုမဲ့အမှတ်မဲ့ ဖြစ်ကာ ထိုသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ယင်းသံရုံးက The Voice ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။ (more…)
သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏ Open Campus ကို သြဂုတ်လ (၁) ရက်၊ နံနက် (၉) နာရီမှ ညနေ (၃) နာရီအထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (more…)
ပြည်ပခရီးစဉ် ဝန်ဆောင်မှု လိုင်စင်(Outbound Tour) လုပ်ကိုင်ခွင့်အဖြစ် လုပ်ငန်းလိုင်စင်များကို ယခုနှစ် ဇူလိုင်လ ၂၁ ရက်ထိ ခွင့်ပြုပေးရာတွင် ခရီးသွားကုမ္ပဏီ ၂၅၅ ခုကို ခွင့်ပြုပေးခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။ (more…)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ စည်းရုံးရေးကော်မတီ၏ အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၂၂) ရက် နေ့လည် (၁)နာရီတွင် မြို့နယ်ပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် မြို့နယ်ကော်မတီဝင်များက စည်းရုံးရေး ဂွင်အလိုက် နယ်မြေသတ်မှတ်ခြင်း၊ ရေးရာဌာနများအလိုက် တာဝန်ခွဲယူခြင်း၊ ပါတီအဆင့်ဆင့်မှ ညွှန်ကြားချက်များ ရှင်းလင်းဆွေးနွေး ကြခြင်း တို့အား ညှိနှိုင်းဆွေးခဲ့ကြသည်။
ဧရာဝတီမြစ်ရေ နှစ်စဉ်ဝင်ရောက်သည့် အမရပူရမြို့နယ် ရှမ်းကလေးကျွန်းစံပြကျေးရွာ နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ရရှိရန်အတွက် မန္တလေး တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ငွေကျပ်သိန်း၂ဝခန့် တန်ဖိုးရှိ သြစတြေးလျနိုင်ငံထုတ် ရေသန့်စက်သုံးလုံးကို ဇူလိုင်လ (၂၃) ရက်နေ့ မွန်းလွဲ ၂နာရီက အဆိုပါကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ပေးအပ်လှူဒါန်းခဲ့သည်။
ဧရာဝတီမြစ်ရေ နှစ်စဉ်ဝင် ရောက်ရှိသည့် ပုသိမ်ကြီးမြို့နယ်အတွင်းမှ ကျေးရွာ ၃၁ရွာနေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေရှိအတွက် မန္တလေးတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးရဲမြင့်၏ ဦးဆောင် လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပါတီမှ ငွေကျပ် သိန်း ၂ဝ ခန့် တန်ဖိုးရှိ သြစတြေးလျနိုင်ငံထုတ် ရေသန့်စက် ၃၄ လုံးအား ဇူလိုင် (၂၃) ရက် နံနက် ၉ နာရီ ၃ဝ မိနစ်နှင့် မွန်းတည့် ၁၂ နာရီ တို့တွင် ညောင်ပင်သာ အနောက်ကျေးရွာနှင့် ပုဂံတပ်ကျေး ရွာတို့မှရွာဦးဘုန်းတော်ကြီးကျောင်းများတွင် ပေးအပ်လှူဒါန်းခဲ့သည်။