
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် သင်တန်းကျောင်းအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က ”ယနေ့ကျင်းပတဲ့ ‘အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ’သို့ တက်ရောက်လာကြတဲ့ လုပ်ဖော်ကိုင်ဖက်ပါတီဝင်များ၊ ဧည့်သည်တော်များ၊ ဖိတ်ကြားထားသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြစေကြောင်း ဆုမွန်ကောင်း တောင်းရင်း မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်။



