ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ(၁) ရက်နေ့၊ နေ့လည်(၂)နာရီအချိန်တွင် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးညွန့်ဦးနှင့်အလုပ်အမှုဆောင်များ၊ ရပ်မိရပ်ဖများ နှင့်အတူ ဟင်္သာတမြို့ ကနောင်စုရွာမလမ်းရှိ “ခိုလှုံရာ” ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ အကျိုးဆောင် အဖွဲ့နှင့် သွားရောက်တွေ့ဆုံပါသည်။