ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည် တော်ပါတီဌာနချုပ်အတွင်းရှိ ပြည်ထောင်စုခန်းမ၌ ယခုလ ၈ ရက်မှ ယနေ့ထိ ပြုလုပ်လျက်ရှိရာ ထို အလုပ်ရုံဆွေးနွေးပွဲအပေါ် အစုအဖွဲ့လေးဖွဲ့ စုဖွဲ့ ဆွေးနွေးခဲ့ကြပြီး ယင်းတို့ဆွေးနွေးရရှိသည့်အမြင်များ ကို စာတမ်းပြုစု၍ ယနေ့မွန်းလွဲ ၂ နာရီတွင် အစုအဖွဲ့ အလိုက် စာတမ်းဖတ်ကြားခြင်းများပြုလုပ်ခဲ့ကြသည်။
စာတမ်းဖတ်ကြားခြင်းအခမ်းအနား၌ အစု အဖွဲ့(၁) မြန်မာနိုင်ငံသမိုင်းကြောင်းနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးဟူသောစာတမ်းကို လည်းကောင်း၊ အစုအဖွဲ့(၂) ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက် မှု ဆောင်ရွက်ချက်များဟူသော စာတမ်းကိုလည်း ကောင်း၊ အစုအဖွဲ့(၃) တိုင်းရင်းသားစည်းလုံးညီညွတ် ရေးကိုဦးတည်သော ဖက်ဒရယ်ပြည်ထောင်စု ဖော် ဆောင်မှုစာတမ်းကိုလည်းကောင်း၊အစုအဖွဲ့(၄)ပြည်ထောင်စု အဓွန့် ရှည်တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးနှင့်အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး စာ တမ်းကိုလည်းကောင်း အသီးသီး ဖတ်ကြားခဲ့ကြခြင်းဖြစ်သည်။