၂၁ ရာစုပင်လုံညီလာခံသို့ အပစ်ရပ်စာချုပ်တွင် မပါဝင်သည့် အဖွဲ့များအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၈ ဖွဲ့ တက်ရောက်မည်ဖြစ်ပြီး ကျန်သုံးဖွဲ့ တက်ရောက်နိုင်ရေး ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နေကြောင်း သတင်းရရှိသည်။
သြဂုတ် ၃၁ ရက်ကစ၍ နေပြည်တော်တွင် ငါးရက်ကြာကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံသို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)၌ ပါဝင်သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့အပြင် NCAတွင် မပါဝင်သည့် ‘၀’၊ မိုင်းလား၊ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ စသည့်အဖွဲ့များ တက်ရောက်မည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) အဓိပတိ ကောင်စီဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။ (more…)
သတင်းအပြည့်အစုံကိုကြည့်ရှုရန်