ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး ပြည်ထောင်စုနယ်မြေမှ ပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးသည် ယနေ့ စက်တင်ဘာ(၂)ရက်နေ့ (၁ဝးဝဝ) နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု စည်းရုံးရေးမှူးများ စုစုပေါင်းအင်အား(၇၅ဝ)ဦးခန့်တို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် အစည်းအဝေးခန်းမဆောင်တွင် တွေ့ဆုံခဲ့ပါသည်။

_DSC4176 _DSC4129

(more…)


မြစ်ဆုံကော်မရှင် စက်တင်ဘာ ဒုတိယပတ်တွင် မြစ်ဆုံဒေသသို့ သွားရောက်မည်

 

ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်ရန်လျာထားသော်လည်း လူထုကန့်ကွက်မှုကြောင့် ငါးနှစ်ကြာ ရပ်ဆိုင်းထား သော မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ သမ္မတထံ တိုက်ရိုက်အစီရင်ခံစာ တင်ပြရမည့် ကော်မရှင်အဖွဲ့သည် စက်တင်ဘာ ဒုတိယပတ်တွင် မြစ်ဆုံဒေသသို့ မြေပြင်အခြေအနေ သွားရောက်ဆန်းစစ်မည်ဟု သတင်းရရှိသည်။ (more…)


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး HE. Mr. HONG Liang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂-၉-၂ဝ၁၆ရက် (သောကြာနေ့) နံနက် (ဝ၉းဝဝ) နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး အစည်းအဝေး ခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

_DSC4070

(more…)


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘရူးနိုင်းသို့ ပထမဆုံးအကြိမ်သွားရောက်

ရန်ကုန်၊ စက်တင်ဘာ ၁

ဘရူနိုင်း ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘရူးနိုင်းနိုင်ငံသို့ စက်တင်ဘာလ (၁) ရက် ညနေပိုင်းက ပထမဆုံးအကြိမ် အဖြစ် သွားရောက်ခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

14100278_1240837182613944_2291369709259938336_n

(more…)


ကိုဖီအာနန် စက်တင်ဘာ ၆ ရက်တွင် ရခိုင်ပြည်နယ်သွားမည်

ကိုဖီအာနန်ဦးဆောင်မည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ရခိုင်ပြည်နယ်သို့ စက်တင်ဘာ ၆ ရက် တွင် ပထမဆုံးအကြိမ် လာရောက်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ (more…)


မဘသ – မန္တလေးတိုင်း Facebook Page မှ ကိုဖီအာနန်ပုံ လွဲမှားဖော်ပြခြင်းကို မဘသ (ဗဟို)မှ ကန့်ကွက်

မဘသ – မန္တလေးတိုင်း Facebook Page နှင့် The Washington Post သတင်းစာ၏ ဖော်ပြချက်များကို လုံးဝကန့်ကွက်ကြောင်း မဘသဗဟိုက စက်တင်ဘာလ (၁) ရက်နေ့တွင် ထုတ်ပြန်စာတစ်ခု ထုတ်ပြန်ခဲ့သည်။

MaBaTha

(more…)


မဘသ – မန္တလေးတိုင်း Facebook Page မှ ကိုဖီအာနန်ပုံ လွဲမှားဖော်ပြခြင်းကို မဘသ (ဗဟို)မှ ကန့်ကွက်

ဟောင်ကောင်အခြေ စိုက် HK Express လေကြောင်းလိုင်းက ဟောင်ကောင်-ရန်ကုန် တိုက်ရိုက်ခရီးစဉ်ကို စက်တင်ဘာ ၁ ရက်တွင် စတင်ပြေးဆွဲခဲ့သည်။ (more…)


HK Express လေကြောင်းလိုင်းသစ် ဟောင်ကောင်-ရန်ကုန် တိုက်ရိုက်ခရီးစဉ် စတင်ပြေးဆွဲ

ဟောင်ကောင်အခြေ စိုက် HK Express လေကြောင်းလိုင်းက ဟောင်ကောင်-ရန်ကုန် တိုက်ရိုက်ခရီးစဉ်ကို စက်တင်ဘာ ၁ ရက်တွင် စတင်ပြေးဆွဲခဲ့သည်။

မြန်မာနိုင်ငံသားများအနေဖြင့် လေ့လာစရာပေါများသော ဟောင်ကောင်သို့ ဈေးသက်သက်သာသာ သွားရောက် နိုင်ရန်နှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများဖွံ့ဖြိုးစေရန် ရည်ရွယ်ပြေးဆွဲခြင်းဖြစ် ကြောင်း HK Express မှ အထွေထွေ မန်နေဂျာ Mr.ShermanLuk က ပြောသည်။ (more…)


မိုးနှောင်းကာလ မုန်တိုင်းများဖြစ်ပေါ်ပြီး ရေကြီးမှု အခြေအနေဆိုးနိုင်ဟုဆို

မြန်မာနိုင်ငံတွင် ယခုနှစ် မိုးနှောင်းကာလ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ၃ ခုမှ ၅ ခုအထိ ဖြစ်ပေါ်နိုင်ပြီး ရေကြီးမှုအခြေအနေ ဆိုးဝါးနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောဆိုသည်။ (more…)


ပခုက္ကူခရိုင်တွင်းရှိ မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီဝင်များ စူဠာမဏိ စေတီတော် မြတ်ကြီးတွင် လုပ်အားဒါနပြု

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရသော ဘုရားစေတီများအနက် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌနှင့် ခရိုင်ပါတီ လုပ်ငန်းစီမံရေး တာဝန်ခံဦး ပြည်စိုးဝင်းတို့၏ ညှိနှိုင်းမှုအရ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ် များမှ ခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ လုပ်အားဒါနပြု သန့်ရှင်းသပ္ပါယ်ခွင့် ရရှိခဲ့သော စူဠာမဏိစေတီတော်မြတ်ကြီးအား ယနေ့ (စက်တင်ဘာလ ၂ ရက်) နေ့တွင် ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီဝင် အင်အား (၄၆၀) မှ လုပ်အားဒါပြု သန့်ရှင်း ဆောင်ရွက်ခဲ့ကြသည်။