ကျောင်းသားကျောင်းသူများအား အာဟာရနို့ဆန်ပြုတ်များတိုက်ကျွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သည် ကျောင်းသားကျောင်းသူများအား အာဟာရတိုက်ကျွေးလျက်ရှိရာ မြို့နယ်ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များသည် စက်တင်ဘာလ (၁၂) ရက် နံနက် ၁ဝ နာရီတွင် ရှားခဲတိုက်နယ်၊ ပိတောက်ကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား ကျောင်းသူ ၁၉၁ဦးတို့အား နို့ဆန်ပြုတ်များဖြင့် အာဟာရတိုက်ကျွေးခဲ့ပြီး နံနက် ၁၁ နာရီတွင် လယ်တီကုန်း ကျေးရွာ အခြေခံပညာမူလတန်း ကျောင်းမှ ကျောင်းသားကျောင်းသူ ၄၃ ဦးတို့ကို နို့ဆန်ပြုတ်များ ဖြင့် အာဟာရတိုက်ကျွေးခဲ့သည်။

ရာဇသင်္ဂဟဖောင်ဒေးရှင်းကိုယ်စား မန္တလေးခရိုင်အတွင်းရှိ သက်ကြီးဘိုးဘွားများအား မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက အိမ်တိုင်ရာရောက် ပူဇော်ကန်တော့

အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် (နိုင်ငံတော်သမ္မတ-ငြိမ်း)နာယက အဖြစ် ဦးဆောင်တည်ထောင်ထားသည့် ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ မန္တလေးခရိုင်အတွင်း နေထိုင်လျက်ရှိသော အသက် ၁ဝဝ ကျော် ဘိုးဘွားခုနစ်ဦးတို့အား ယမန်နေ့ မွန်းလွဲ ၃နာရီမှ ညနေ ၅ နာရီအထိ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် အဖွဲ့မှ အိမ်တိုင်ရာရောက် ပူဇော်ကန်တော့ခဲ့ကြသည်။

14322615_647253815444133_6923204803569051756_n

(more…)


ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားသော အခြေခံပညာကျောင်း ၄,၀၀၀ ခန့် ပြန်ဖွင့်

v7

ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ သည့်ဒေသများရှိ ယာယီပိတ်ထား ရသည့် အခြေခံပညာကျောင်း ၄,၀၀၀ ခန့် ပြန်လည်ဖွင့်လှစ်နေပြီး နောက်ကျသည့် သင်ခန်းစာများ ကို ပိတ်ရက်များတွင် အစားထိုး သင်ကြားမည် ဖြစ်ကြောင်း ပညာ ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ရေကြီးရေလျှံမှုများကြောင့် မြန်မာနိုင်ငံတွင် ယာယီပိတ်ထားခဲ့သည့် အခြေခံပညာကျောင်း ၃,၉၄၇ ကျောင်းကို သြဂုတ် ၃၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသူ၊ ကျောင်းသားများကို ပြန်လည်သင်ကြားနေပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ သိရသည်။

ဖွံ့ဖြိုးမှုနည်းသည့် မြို့နယ်များတွင် ရွေ့လျား အိုင်စီတီစင်တာများ ဖွင့်လှစ်မည်

v9

ရန်ကုန်တိုင်းဒေသကြီးရှိ ဖွံ့ဖြိုးမှု အနည်းဆုံးမြို့နယ်များတွင် ရွေ့လျားအိုင်စီတီနည်းပညာ လေ့လာနိုင်သည့် စင်တာ (Mobile ICT Learning Center)များ ဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ ရန်ကုန်တိုင်း ဒေသကြီးကွန် ပျူတာပညာရှင်အသင်းနှင့် လုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ အဆိုပါ Mobile ICT Learning Center ကို တည်ထောင်ခဲ့ပြီး လာမည့် အောက်တိုဘာ ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၏ ဖွံ့ဖြိုးမှု ဒုတိယ အနည်းဆုံးမြို့နယ် ထန်းတပင်၌ စတင် ဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်းဥက္ကဋ္ဌ ဦးမင်းဦးက ပြောသည်။

ကမ္ဘာ့အမြင့်ဆုံး ထိုင်တော်မူရုပ်ပွားတော်ကြီးကို ကျိုက်ထိုမြို့ ဘုရားသုံးဆူတောင်တော်တွင် တည်ထားကိုးကွယ် လျက်ရှိ

မွန်ပြည်နယ် ကျိုက်ထိုမြို့ ဘုရားသုံးဆူ တောင်တော်တွင် ဥာဏ်တော် ၂၅၅ ဒသမ ၆ ပေအမြင့်ရှိ ကမ္ဘာ့အမြင့်ဆုံး ထိုင်တော်မူရုပ်ပွားတော်ကြီးကို ဘုရားသုံးဆူ တောင်ပေါ်ကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတေ ဇ၀န္တမှ ဦးဆောင်ကာ တည်ထားကိုးကွယ်လျက်ရှိကြောင်း အဆိုပါရုပ်ပွားတော် တည်ဆောက်ရေး လုပ်ငန်းခွင်မှ သိရ သည်။ (more…)


ရခိုင်ကော်မရှင်ကို ဖျက်သိမ်းမည့် အရေးကြီးအဆို ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်သူမရှိ

ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင်ကို ဖျက်သိမ်းပေးရန် အဆိုကို ယနေ့ (စက်တင်ဘာ ၁၂ရက်) ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် အထူးအစည်းဝေးတွင် တင်သွင်းခဲ့ပြီး ကန့်ကွက်သူ မရှိ သဖြင့် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။ (more…)


ရခိုင်အမျိုးသားပါတီတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ရေးနှင့်ပတ်သက်၍ ဒေသခံလူထုသဘောထားကို တောင်းခံမည်

ရခိုင်အမျိုးသားပါတီ (ANP) တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဆက်လက်ပါဝင် ရပ်တည်ရမည့်အနေအထား နှင့်ပတ်သက်၍ ရခိုင်ပြည်သူလူထု၏ ဆန္ဒသဘောထားကို လာမည့်လအတွင်း တောင်းခံရန်ရှိကြောင်း ALD အတွင်းရေးမှူးဟောင်း ဦးမျိုးကျော်ထံမှ သတင်းရရှိသည်။ (more…)


ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့အခမ်းအနား မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်မည်

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ကျင်းပမည့် ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ (World Bamboo Day) အခမ်းအနားအား ရန်ကုန်မြို့ ၆ မိုင်ခွဲရှိ International Business Center(IBC) ၌ စက်တင်ဘာ ၁၈ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များ အသင်းမှ သိရသည်။ (more…)


အပ်ကုန်ဖြင့်တင်သွင်းခဲ့သော ၂၀၀၃ မှ ၂၀၀၅ အတွင်း မော်ဒယ်ကားများ ယခုနှစ်ကုန်တွင် မူလနိုင်ငံသို့ ပြန်လည် တင်ပို့ရမည်

အပ်ကုန်စနစ် (Consi- gnment) ဖြင့်တင်သွင်းလာသော ၂၀၀၃၊ ၂၀၀၄၊၂၀၀၅ မော်ဒယ် မော်တော်ယာဉ်များသည် ယခုနှစ်ကုန်တွင် ဖျက်သိမ်းစာရင်းဝင် မည်ဖြစ်သောကြောင့် မူလနိုင်ငံသို့ ပြန်လည်တင်ပို့ရမည်ဟု  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ (more…)


ဗဟိုအလုပ်မှုဆောင်၊ ပြည်နယ်ပါတီဥက္ကဋ္ဌနှင့် ဗဟိုကော်မတီဝင်တို့ မော်လမြိုင်မြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်/ကျေးစည်းမှူးများအား တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင်၊ မွန်ပြည်နယ် ပါတီဥက္ကဌ ဦးအောင်ကြည်သိန်း၊ ဗဟို ကော်မတီဝင် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးဝင်မော်ဦးတို့သည် စက်တင်ဘာ(၁၁)ရက် နေ့လည် (၁၁) နာရီ အချိန်က မော်လမြိုင်မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများအား တွေ့ဆုံခဲ့သည်။