တက္ကသိုလ်ဝင်တန်းအောင် နှင့် iGCSE (GCE ‘O’Level) ကျောင်းသူ၊ ကျောင်းသားများ Singapore Institute of Man-agement (SIM Global Edu-cation) ၏ စီးပွားရေးဆိုင်ရာပညာသင်ဆုကို အောက်တိုဘာ (၁) ရက်တွင် စတင်လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။ (more…)
ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် စစ်ကိုင်းခရိုင်/မုံရွာခရိုင်အတွင်းရှိ မြို့နယ်ပါတီရုံးများ၌ ကော်မတီဝင်များ အား တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်သည် စက်တင်ဘာလ (၁၃) ရက်နေ့က စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်ကြသည့် စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်၊ မြောင်မြို့နယ်နှင့် မုံရွာခရိုင်အတွင်းရှိ ချောင်းဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးများသို့ သွားရောက်ကာ ခရိုင်/မြို့နယ်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများ၊ ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီ ဝင်များနှင့်တွေ့ဆုံ၍ ပါတီစည်းရုံးရေးလုပ်ငန်းများ တိုးမြင့်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး ဆောင်ရွက် ပေးခဲ့သည်။
ရှမ်း(မြောက်) ပြည်ခိုင်ဖြိုးပါတီဝင်များ ပုဂံဒေသရှိ စေတီတော်သန့်ရှင်းရေး လုပ်အားဒါနပြုဆောင်ရွက်ပေး
ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လူငယ်များ အင်အား (၂၇၂) ဦးတို့သည် စက်တင်ဘာလ (၁၃) နံနက် (၉) နာရီမှ မွန်းတည့် (၁၂) နာရီအထိ ပုဂံယဉ်ကျေးမှုနယ်မြေရှိ ငလျင်ဒဏ်သင့် ခဲ့ရသော စူဠာမနိ စေတီတော် သန့်ရှင်းရေး သွားရောက်ကူညီ ဆောင်ရွက် ခဲ့ကြသည်။

တနိုင်းမြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ နာဂဒေသရှိ ရောဂါခံစားနေရသူများအတွက် အလှူငွေလှူဒါန်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးမြင့်ကို နှင့် မြို့နယ်ပါတီ ကော်မတီဝင်များသည် စက်တင်ဘာလ (၁၁) ရက် ရှင်ဗွေရှင်မြို့သို့သွားရောက်၍ မွန်းလွဲ (၁) နာရီအချိန်တွင် နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များနှင့် တွေ့ဆုံကာ နာဂဒေသ၌ ဖြစ်ပေါ်နေသော ရောဂါဆိုးခံစားနေရသည့် ပြည်သူများအတွက် အလှူငွေကျပ် ၅ သိန်းအား နာဂယဉ်ကျေးမှုကော်မတီ နာယက လူကြီးများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သံဖြူဇရပ်ပြည်ခိုင်ဖြိုးပါတီ လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးစိုးနိုင်သည် မြို့နယ်ပါတီ ကော်မတီဝင်များနှင့်အတူ စက်တင်ဘာလ (၁၃) ရက်နေ့က ကျိုက္ခမီမြို့ အောင်သုခရပ်ကွက်သို့ သွားရောက်၍ (၃၀.၈.၂၀၁၆) ရက်နေ့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးသွား သော နေအိမ် ၆ လုံးမှ မိသားစုများအတွက် ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှပေးအပ်သည့် ထောက်ပံ့ငွေများကို မိသားစုများထံ အရောက် ပေးအပ် ထောက်ပံ့ခဲ့ကြကြောင်း သိရှိရသည်။
ကြံခင်းပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များအတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်း
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးမင်းထွဋ် နှင့် မြို့နယ်ပါတီကော်မတီဝင် များသည် စက်တင်ဘာ (၁၃) ရက် နေ့လည်ပိုင်းက ကွေ့မအုပ်စု၊ အရှေ့အုပ် တွင်းကျေးရွာတွင် ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံ၍ ပါတီလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌနှင့် ဗဟိုကော်မတီဝင်တို့ ကျိုက်ထိုမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ ကျေးစည်းမှူးများအား တွေ့ဆုံလမ်းညွှန်မှာကြား
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် မွန်ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးဝင်မော်ဦးတို့သည် စက်တင်ဘာ (၁၂) ရက် နေ့လည် (၁၁) နာရီအချိန်က ကျိုက်ထိုမြို့နယ်ပါတီရုံး အစည်းဝေးခန်းမ၌ ကျိုက်ထိုမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေး စည်းမှူးများနှင့် တွေ့ဆုံခဲ့သည်။

ကျောင်းသုံးဗလာစာအုပ်များနှင့် ဆိုလာပြား ဘက်ထရီအိုးဖန်ချောင်းများ ပေးအပ်လှူဒါန်း
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ခင်လှိုင်မြင့်၊ျြွို့နယ်အတွင်းရေးမှူး ဦးမျိုးမြင့်သိန်း၊ ဦးအောင်တင့်၊ ဦးရန်မျိုးကျော်၊ ဦးစိုးဦး၊ ဦးကျော်ဟိန်း၊ ဒေါ်လှလှဝင်းနှင့် ညောင်အုပ်ဖီး အုပ်စု၊ကန်အုပ်စု၊ ရိုးစုံအုပ်စုမှ စည်းမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယခုလ ၁ဝ ရက်တွင် ရိုးစုံကျေးရွာအုပ်စု မကျီးအုပ်ကျေးရွာ လက်ထောက်ဆရာတော် ဦးသမိတ်ထံ သွားရောက် ၍ပျံလွန်တော်မူသွားသော ကျောင်းထိုင်ဆရာတော် ဦးဥတ္တမ၏ ဈာပန အခမ်းအနားအတွက် အလှူတော်ငွေ ကျပ် ၅ဝဝဝဝ ပေးအပ်လှူဒါန်းခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်နှင့် မြို့နယ်များမှ ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ပါတီလုပ်ငန်း စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်၊ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်တို့လိုက်ပါလျက် ယခုလ ၁ဝ ရက် မွန်းလွဲ ၃ နာရီမှ ညနေ ၄ နာရီခွဲ အထိ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်နှင့်မြို့နယ်ခြောက်မြို့နယ်မှ ပါတီကော်မတီဝင်များ ရပ်ကျေးစည်းရုံးရေးမှူးများ စုစုပေါင်းအင်အား ၄၅ဝ နှင့် တွေ့ဆုံပွဲ အခမ်းအနားကို မိတ္ထီလာမြို့ တော်ဝင်နန်းခန်းမ၌ ကျင်းပခဲ့သည်။

ကျိုက်ထိုပြည်ခိုင်ဖြိုးလူငယ်များ စေတီတော်သန့်ရှင်းရေး ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် လူငယ်များသည် စက်တင်ဘာလ (၁၂) ရက်နေ့က ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့် ဇနီး ဒေါ်နီနီဝင်း မိသားစုမှ မူလ အလှူရှင်များအားရည်စူး၍ ပြန်လည်ပြုပြင်မွမ်းမံ လှူဒါန်း ထားသော ကျိုက်ထိုမြို့နယ် ဆိပ္ဖူးတောင် ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဝန်းအတွင်းရှိ ကျီးမနိုးစေတီတော်မြတ်၏ အောက်ကြမ်းခင်း များအား ကြွေပြားကပ် လှူဒါန်းခြင်းနှင့် စေတီတော်ဝန်းကျင် သန့်ရှင်းရေး အတွက် လုပ်အားဒါနပြု ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ပြည်ခိုင်ဖြိုးပါတီ မွန်ပြည်နယ်



