မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ဆပ်ပျာကျင်းကျေးရွာ ကြောင်နံ့သာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း၌ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် မိသားစုများက (၁၃)ကြိမ်မြောက် စုပေါင်းဘုံ ကထိန်အလှူတော်မင်္ဂလာပွဲ အခမ်းအနားကို ဒီဇင်ဘာ (၄) ရက် နေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းဘုံကထိန်အလှူတော်မင်္ဂလာပွဲတွင် ဆရာတော် ဘဒ္ဒန္တဓမ္မသာမိထံမှ သီလခံယူ ဆောက်တည်ကြပြီး ဆရာတော် ဘဒ္ဒန္တသြဘာက ဆုံးမသြဝါဒမြွက်ကြားသည်။