(၃၁-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၅၃၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၂၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၃၂) ရာခိုင်နှုန်း ရှိပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်ဟောင်းများ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ အသင်းကာလ တာဝန်ထမ်းဆောင်ခဲ့ကြသော အသင်းဝင်များ တွေ့ဆုံပွဲကျင်းပပြုလုပ်
(၃၀.၇.၂၀၂၂)ရက်နေ့နံနက်(၁၀း၀၀)အချိန်တွင်မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်းဒေသကြီးအတွင်မြို့နယ်(၂၈)မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ အသင်းကာလတာဝန်ထမ်းဆောင်ခဲ့ကြသောအသင်းဝင်များ တွေ့ဆုံပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားအား နိုင်ငံတော်အလံအလေးပြုကာ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသည့် ပါတီဝင်များ၊ ပါတီမိသားစုများ၊ ဝန်းရံသူများအား သတိရအောက်မေ့သည့် အနေဖြင့် ၂ မိနစ် ငြိမ်သက်ခဲ့ပြီးနောက် အခမ်းအနားအစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ပါသည်။
ခရိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
သရက် ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ခရိုင်ကော်မတီဝင်များ၊ (၄)မြို့နယ်မှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ၌ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ အသင်းကာလတာဝန်ထမ်းဆောင်ခဲ့ကြသောအသင်းဝင်များ တွေ့ဆုံပွဲ ကျင်းပပြုလုပ်
ချောက် ဇူလိုင် ၃၁
(၃၁.၇.၂၀၂၂ ) ရက်နေ့ နံနက်( ၉:၃၀ )အချိန်တွင် မကွေးတိုင်းဒေသကြီး ချောက် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်ခိုင်ဖြိုးပါတီ ချောက်မြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ ဝါရင့်ပါတီဝင်များ ပါတီဝန်းရံသူများ အသင်းကာလက တာဝန်ထမ်းဆောင်ခဲ့ကြသော အသင်းဝင်များ နှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြင်ဦးလွင်ပြည်ခိုင်ဖြိုး ကူညီကယ်ဆယ်ရေး
ပြင်ဦးလွင် ဇူလိုင် – ၃၁
ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဟိန်းမင်းဦး ဦးဆောင်၍ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းဇော်နှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများအားလုံး ဝိုင်းဝန်းစုပေါင်း၍ ရေဘေးသင့် ပြည်သူများ သွားရောက်ကူညီကယ်ဆယ်ခြင်း၊ ထောက်ပံ့ခြင်း၊ ထမင်းဗူးများသွားရောက်လှူဒါန်းခဲ့ပါသည်။
ကာလုံအစည်းအဝေး သဘောတူညီချက်အရ အရေးပေါ်ကာလ (၆) လသက်တမ်း ထပ်တိုးရန်ဆုံးဖြတ်
ဇူလိုင်လ (၃၁) ရက် နံနက်ပိုင်းက နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေး (၂/၂၀၂၂) ဆုံးဖြတ်ချက်အရ အရေးပေါ်ကာလ (၆) လ ထပ်မံသက်တမ်းတိုးမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်က စတင်ပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူကာ နိုင်ငံတော်အား အရေးပေါ် အခြေအနေကြေညာ၍ တပ်မတော်က နိုင်ငံတော် အာဏာကို ထိမ်းထားခြင်း ဖြစ်သည်။
Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၉) ဦး တွေ့ရှိ
(၃၀-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၁-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၂၀၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၂၁) ရာခိုင်နှုန်း ရှိပါသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
တန့်ယန်း ဇူလိုင် ၂၈
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တန့်ယန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ပြည်နယ် ၊ ခရိုင်၊ မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပါသည်။
ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီ၏ ၁၁ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှုဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်
၂၈ ဇူလိုင်လ ၂၀၂၂(ကြာသပတေးနေ့)
ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မိသားစုများ၏ ၁၁ကြိမ်မြောက်စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှုဒါန်းပွဲကို ယနေ့နံနက်(၀၉: ၃၀)ခန့်အချိန်တွင် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၁၇၉ ဦး ထပ်မံရောက်ရှိ
တောင်ကိုရီးယားနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်မည့် မြန်မာလုပ်သားသစ် ၁၇၉ ဦးသည် ဇူလိုင် ၂၈ ရက်တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံ ရောက်ရှိခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန် ထားသည်။ အဆိုပါ အလုပ်သမားများအနက် CBT လုပ်သားနှစ်ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ် ၁၇၇ ဦး၊ စုစုပေါင်း ၁၇၉ ဦး တို့ဖြစ်ကြောင်း သိရသည်။