မြန်မာ့စီးပွား‌ရေးကိုယ်စားလှယ်အဖွဲ့ ယခုနှစ်အတွင်း ဘီလာရုစ်သို့ သွားရောက်မည်

ဘီလာရုစ် စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးအသင်း (BelCCI) ၏ သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ယခုနှစ်အတွင်း ဘီလာရုစ်သို့လာရောက်ရန် စီစဉ်ထားသည်ဟုဆိုသည်။BelCCI ဥက္ကဋ္ဌ မီခေးမီယက်လီနှင့် ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦးတို့ တွေ့ဆုံရာတွင် ယခုကိစ္စကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယခုဆွေးနွေးပွဲ၌ ကုန်သွယ်ရေးနှင့်စီးပွားရေးကဏ္ဍတွင် ဘီလာရုစ်-မြန်မာပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေး ဆက်ဆံရေးကို ပိုမိုမြှင့်တင်မည့်အလားအလာများနှင့် ယခုနှစ်အတွင်း မြန်မာမှဘီလာရုစ်သို့ ကိုယ်စားလှယ်အဖွဲ့ လာရောက်ခြင်းအပါအဝင် နှစ်နိုင်ငံကြားစီးပွားရေးဆိုင်ရာ ပွဲများကျင်းပရန် အခွင့်အလမ်းများကိုပါ ထည့်သွင်း ဆွေးနွေးခဲ့သည်ဟု Belta သတင်းတစ်ရပ်အရသိရှိရသည်။

လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်(၂)တွင် Level 2 အဆင့်မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊စက်မှုဇုန်(၂)၊ ဆိပ်ကမ်းသာလမ်းတွင် သြဂုတ် ၁၀ ရက်(ယနေ့)နံနက် ၆ နာရီ ၂၇ မိနစ်က Level 2 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့်အနီးပတ်ဝန်းကျင်နေသူများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၂၇) ဦး တွေ့ရှိ

(၈-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၉-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၅၆၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၇) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၄၁) ရာခိုင်နှုန်း ရှိပါသည်။

လားရှိုးခရိုင် ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

လားရှိုး ဩဂုတ် ၈

လားရှိုးမြို့နယ်၊ ပြည်နယ်ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးခန်းမ၌ လားရှိုး ခရိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်နယ်အတွင်းရေးမှူးဒေါက်တာလဆိုင်း၊ လားရှိုးခရိုင်မှဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊

ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များ လေးမြို့နယ်မှခရိုင် ဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် မြို့နယ် ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပါတီတာဝန်ရှိသူများ၊ ပါတီဝင်အဟောင်းများ၊ ပြည်ခိုင်ဖြိုးအသင်းတွင် ဆောင်ရွက်ခဲ့သော အသင်းဝင်များနှင့် တွေ့ဆုံပွဲပြုလုပ်

သြဂုတ် ၇၊ ပုသိမ်

ဧရာတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် ပုသိမ်မြို့ရှိ တိုင်းဒေသကြီးပါတီရုံး၌ ပါတီဝင်အသစ် အဟောင်းများ၊ အသင်းတွင်ဆောင်ရွက်ခဲ့သော အသင်းဝင်များ တက်ရောက်ခဲ့သည့် လုပ်ဖော်ကိုင်ဖက်များတွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

စက်သုံးဆီဈေးနှုန်းများ ရာနှင့်ချီပြန်လည်မြင့်တက်နေ

ပြည်တွင်းစက်သုံးဆီဈေးကွက်မှာတော့ ဩဂုတ်(၈)ရက်ပေါက်ဈေးအရ စက်သုံးဆီဈေးနှုန်းတွေဟာ အရင်နေ့ ကထက် တစ်လီတာကို နှစ်ရာလောက်အထိ ပြန်မြင့်တက်လာပါတယ်။ ဩဂုတ်(၈)ရက်ပေါက်ဈေးအရ ရန်ကုန်မှာ အောက်တိန်း92တစ်လီတာာကို ၁၈၂၀၊ အောက်တိန်း95တစ်လီတာကို ၁၈၈၀၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၂၂၂၅ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာကို ၂၂၉၀ရှိပါတယ်။

ဒီဈေးနှုန်းတွေဟာ အရင်နေ့ကဈေးနှုန်းတွေနဲ့ယှဉ်ရင် အောက်တိန်း92တစ်လီတာကို ၂၀၅ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၂၁၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၂၅၅ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာကို ၂၆၅ကျပ် ဈေးပြန် မြင့်တက်လာတာပါ။

ရပ်စောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွား

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့တွင် ဇော်ဂျီရပ်ကွက်နှင့် ဥတ္တံတားရပ်ကွက်တို့တွင် မနေ့က နံနက်ပိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှု့ကြောင့် ရေကြီးရေလျံမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းသို့ မိုးသည်းထန်စွာရွာသွန်းမှု‌ ကြောင့်ဇော်ဂျီချောင်းနှင့် တံတားမိုးချောင်းရေလျှံ၍ ရပ်ကွက်အတွင်းရှ ိနေအိမ်များသို့ ရေများဝင်ရောက်နေကြောင်း သိရသည်။

အဆိုပါ ရေကြီးရေလျှံဖြစ်ပွားရာသို့ ရပ်စောက်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ပါသည်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၅) ဦး တွေ့ရှိ

၇-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမွ (၈-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၃၀၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅) ဦး တွေ့ရှိရပါသည်။ ထိုကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၄) ရာခိုင်နှုန်း ရှိပါသည်။

ပြင်ဦးလွင်ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ရပ်ကွက်များသို့ လုပ်အားပေးကူညီဆောင်ရွက်

သြဂုတ် ၆၊ ပြင်ဦးလွင်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် (၆-၈-၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် ရပ်ကွက်ကြီး (၁/၂/၆)အတွင်း သန့်ရှင်းရေးနှင့် ဂဲလောင်ချောင်း ရေစီးရေလာ ကောင်းမွန်ရေးသန့်ရှင်းရေးအတွက် စုပေါင်းလုပ်အားပေးမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါဆောင်ရွက်မှုကို ပြင်ဦးလွင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဟိန်းမင်းဦးနှင့် ခရိုင်ကော်မတီဝင်များ၊ ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းဇော်နှင့် မြို့နယ်ကော်မတီဝင်များ၊ ပါတီဝင်များမှ နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ မှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ရန်ကုန်။  ။ သြဂုတ် (၇)

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှုဒါန်းပွဲ ကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့ နံနက်(၁၀) နာရီတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းမပေါ်ရှိ ဒေ၀သာဂရ သိမ်ဖြူတော်ကြီးတွင်ကျင်းပခဲ့ပါသည်။