ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ မိသားစုဝင်အချို့က အချက် ငါးချက် ပါ ကြေညာချက်ထုတ်ပြန်

 

၁၉၄၇ ပင်လုံစာချုပ် ချုပ်ဆိုစဉ်က ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားခေါင်းဆောင်ကြီး ၂၂ ဦးအနက် ၂၁ ဦး၏ မိသားစုဝင်အချို့က နှစ် (၇၀) ပြည့် ပြည်ထောင်စုနေ့တွင် အချက်ငါးချက်ပါ ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ကြောင်း သတင်းရရှိသည်။ (more…)


ချင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ ခွင့်ရပြီ

ချင်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပခွင့်ရပြီ ဆိုတာကို ငြိမ်းချမ်းရေး ကောင်စီ က ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အကြောင်းကြားခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး CNF ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ဘီဘီစီကို ပြောပါတယ်။ (more…)


မြန်မာနိုင်ငံ ဝေဟင်ပိုင်နက်အတွင်း လေယာဉ်များ ပျံသန်းခွင့်ရရေး နိုင်ငံနှစ်နိုင်ငံက စာချုပ်ချုပ်ဆိုရန် ထပ်မံ ကမ်းလှမ်း

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် အနောက်ဥရောပ နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၅၂ နိုင်ငံနှင့် ဝေဟင်ပိုင်နက် အတွင်း လေယာဉ်များ ဖြတ်ကျော် ပျံသန်းနိုင်ရေး သဘောတူ စာချုပ်များ ချုပ်ဆိုထားပြီး ထပ်မံ၍ မွန်ဂိုလီးယား နှင့် တူရကီနိုင်ငံ တို့ကလည်း စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်း လာသဖြင့် ညှိနှိုင်းဆွေးနွေး နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ (more…)


တစ်ဖက်နိုင်ငံမှ ထုတ်လုပ်သော ဆင်းမ်ကတ်များ တရားမဝင်အသုံးပြုနေမှုကို တားဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိ

မောင်တောခရိုင်နယ်မြေအတွင်း လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက် တစ်ဖက်နိုင်ငံမှ ထုတ်လုပ်တဲ့ (Sim Card) တွေ တရားမဝင်အသုံးပြုနေမှုကို တားဆီးနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနဲ့ပေါင်းစပ်ပြီး သတင်းဖော်ထုတ် ဖမ်းဆီးခြင်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိတယ်လို့ ဖေဖော်ဝါရီလ ၁၀ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး က သိရပါတယ်။ (more…)


ဘူးသီးတောင်၊မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနေ့ အထိမ်းအမှတ်စစ်တုရင် ပြိုင်ပွဲကျင်းပ

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော နှစ် (၇၀) ပြည့်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကို ပါတီရုံးတွင် တတိယအကြိမ်မြောက်ဖြစ် ငါးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အနိုင်ရှိသူများအား ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အသင်းလိုက် ပထမဆုများကို မြို့နယ်ပါတီဥက္ကဌ ဦးကျော်စွာသိန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ စစ်တုရင်အသင်းဥက္ကဌ ဦးမောင်ကျော်သာတို့မှ ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်စိမ်းလောင်းလှူ

 

လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ က ယမန်နေ့မွန်းလွဲ ၃ နာရီတွင် လှိုင်သာယာမြို့နယ်ဆုတောင်း ပြည့်အောင်မြေသာယာရွှေစေတီတော်(၂၃)ကြိမ်မြောက်ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် ဘုရားအမှူးပြုသော ရဟန်းသံဃာ သီလရှင်အပါး ၁၅ဝ ကို ဆွမ်းဆန်စိမ်း၊ ဆပ်ပြာ၊ခေါက်ဆွဲခြောက်များ လောင်းလှူ ခဲ့သည်။
အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ရန်ကုန်မြောက်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးတင်ယု၊လှိုင်သာယာမြို့နယ် ပါတီနာယကဦးကြည်စိုး၊ လှိုင်သာယာမြို့နယ်ပါတီခေတ္တဥက္ကဋ္ဌဦးဇေယျာအောင်နှင့်မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်ကြီး(၂ဝ)ကျေးရွာကြီးကိုးအုပ်စု မှ ပါတီ ဥက္ကဋ္ဌများနှင့်ကော်မတီဝင်များ၊ပါတီဝင်များစုပေါင်းလှူဒါန်းခဲ့သည်။

ပြည်ထောင်စုနေ့ဂုဏ်ပြု လူငယ်လှုပ်ရှားမှု ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် မြို့နယ်ပါတီကော်မတီ သည် နှစ်(၇ဝ)ပြည့် ပြည်ထောင်စု နေ့ကို ဂုဏ်ပြုသောအားဖြင့် နွေဦး အားမာန်လူငယ်လှုပ်ရှားမှု စတုတ္ထ အကြိမ်မြောက် ရပ်ကွက်နှင့် ကျေး ရွာပေါင်းစုံပိုက်ကျော်ခြင်းခတ်ပြိုင် ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးအပ်ချီးမြှင့်ပွဲ ကို မြို့နယ်ပါတီရုံး အားကစား ကွင်း၌ ယမန်နေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်သည် ယခုလ ၉ ရက် နံနက် ၉ နာရီက ကော့ကရိတ်မြို့နယ် ကော့ဝါလဲကျေးရွာအုပ်စု နောင်တမံကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးအတွက် ကျောင်း ဆောင်သစ်ပန္နက်ရိုက်ခြင်း အခမ်းအနားတွင် ကိုယ်တိုင်ပန္နက်ရိုက်ခြင်း၊ ကျောင်းဆောင်သစ်အတွက် အလှူငွေ ကျပ်တစ်သိန်း လှူဒါန်းခြင်း၊ ကော့ပလံ ကျေးရွာဖျော်ဖြေရေးဒုံးအဖွဲ့အတွက် အလှူငွေကျပ် သုံးသောင်း ချီးမြှင့်ခြင်း၊ နိုင်ငံတော်မှပေးအပ်ချီးမြင့်သော သာသနာဘွဲ့တံဆိပ်တော်ရ မြို့မကျောင်း ဆရာတော်အား အလှူငွေကျပ်သုံးသောင်းကပ် လှူပူဇော်ခြင်း၊ ကမ်းနီပရိယတ္တိကျောင်း ဆရာတော်အား အလှူငွေကျပ်သုံးသောင်းကပ်လှူခြင်းများ ပြုလုပ်ခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း မိတ်ဆက်

 

အမည် – ဦးစိုင်းကံ
ပါတီ – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း – စစ်ကိုင်းရွာသစ်ကြီး ဖွံ့ဖြိုးရေးသိပ္ပံ(ဆင်း)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – မိုင်းရှူးမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်

ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းကံ၏ ကိုယ်ရေးအကျဉ်း
******************************
၁၉၆၉ ခုနှစ် မေ ၆ ရက်တွင် အဖ ဦးဆန်းသြ၊ အမိ ဒေါ်နိုင်းမတ်တို့မှ မွေးဖွားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း သမ္မတတည်ခင်းသည့် နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ညစာစားပွဲတက်ရောက်

 

ဖေဖော်ဝါရီလ (၁၂) ရက်တွင် ကျရောက်ခဲ့သည့် နှစ် (၇ဝ)မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော် မြို့တော်ခန်းမ၌ နိုင်ငံတော်သမ္မတမှ တည်ခင်းဧည့်ခံသည့် ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးမြတ်ဟိန်း တက်ရောက်ခဲ့သည်။