မတ်လ ၁ ရက်နေ့တွင် စတင်ရောင်းချမည့် ကျပ် ၅၀၀ တန် ထီစနစ်သစ်တွင် ပြည်တွင်းအခွန်ဌာနခွဲ မြို့နယ်ရုံးများက ထီလက်လီရောင်းချပေးမည့် အစီအစဉ်ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆု ဌာနခွဲထံမှ သိရသည်။ (more…)
ပြည်ထောင်စုကြံ့ခိုင်ရေးနှငိ့ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ နာယက ဦးသိန်းစိန်းအား ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဌ နှင့် အဖွဲ့မှ လာရောက်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှငိ့ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီနာယက ဦးသိန်းစိန်းအား ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဌ HE. Mr. Hideo Watanabae ခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲက ဖေဖော်ဝါရီလ (၂၂)ရက် နံနက် ၀၉း၀၀ နာရီအချိန်တွင် နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဌာနချု ပ် ဧည့်ခန်းမ (၁) တွင် လာရောက်တွေ့ဆုံသည်။
မကွေးခရိုင်ပြည်ခိုင်ဖြိုး ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲကျင်းပ
မကွေးခရိုင် ပြည်ခိုင်ဖြိုးပါတီ၏ ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ (၂၂) ရက် နံနက် (၁၁) နာရီ (၃၀) မိနစ်အချိန်တွင် တိုင်း အထူးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး
ပါတီဥက္ကဌ (ဗဟိုအလုပ်အမှုဆောင်) ဒေါက်တာမောင်မောင်ဌေး၊ တိုင်း အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်း ဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ ခရိုင်တာဝန်ခံ ဦးစောဝင်းမောင်၊ ခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်နှင့် ခရိုင်ကော်မတီဝင်များ၊ ခရိုင်အတွင်း မြို့နယ် (၆) မြို့နယ်တို့မှ မြို့နယ်ပါတီ ဥက္ကဌများ တက်ရောက်ခဲ့ကြသည်။
ကြားဖြတ်ရွေးကောက်ပွဲဝင် မုံရွာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၏ မဲဆွယ်စည်းရုံးပွဲများသို့ ပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် လိုက်ပါ အားပေး
ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် သည် ဖေဖော်ဝါရီ (၂၂) ရက် ညနေ (၁၅:၀၀) အချိန်တွင် မုံရွာမြို့နယ် ရေကန်စုကျေးရွာ ရပ်မိရပ်ဖ ဦးအောင်တင်ပေါ၏ နေအိမ်တွင်လည်းကောင်း၊ ညနေ (၁၆:၀၀) အချိန်တွင် ကျောက္ကာ (မြောက်) ကျေးရွာ ရပ်မိရပ်ဖ ဦးကျော်သူ၏နေအိမ်တွင် လည်းကောင်း ကျင်းပပြုလုပ်သည့် ၂၀၁၇- ကြားဖြတ်ရွေးကောက်ပွဲ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ၌ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဒေါက်တာ ဝင်းမြင့်အောင်၏ မဲဆွယ်စည်းရုံးပွဲများသို့ လိုက်ပါအားပေးခဲ့သည်။
ပြည်ငြိမ်းအောင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ပြည်ခိုင်ဖြိုးက ပါဝင်ဆင်နွှဲ
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့ ပြည်ငြိမ်းအောင် ဆုတောင်းပြည့်စေတီတော် ရင်ပြင်တော်တွင် ကျင်းပသော ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲတွင် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ် ပူဇော်သော သံဃာတော် အရှင်သူမြတ် တို့အား စေတီတော်ပရိဝုဏ်အတွင်း၌ ဆွမ်းဆန် စိမ်း လောင်းလှူပွဲကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့ရာ ပေါင်းတည်မြို့နယ် ပြည်ထောင်စြု ကံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြသည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲဆုရရှိအသင်းများအားပြည်ခိုင်ဖြိုးပါတီမှဆုများချီးမြှင့်
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မှကြီးမှူး၍ လူငယ်လှုပ်ရှားမှုအနေ ဖြင့်ဆောင်ရွက်လာခဲ့ပြီး ပိုက်ကျော် ခြင်းပြိုင်ပွဲကိုကျင်းပကာ ယမန်နေ့ မွန်းလွဲ ၁နာရီက ပြိုင်ပွဲတွင် ဆုရရှိ သောအသင်းများအားပါတီရုံးခန်းမ အတွင်းဆုများချီးမြှင့်ခဲ့ရာ ဆုရရှိသူ များအားဗဟိုကော်မတီဝင်ဦးကျော် မြင့်၊ မြို့နယ်ဥက္ကဋ္ဌဦးသန်းဇော်တို့ က ဆုများ အသီးသီးပေးအပ်ခဲ့ ကြောင်းသိရသည်။ ယင်းအခမ်း အနားသို့ အင်အား ၃ဝ ခန့် တက် ရောက်ခဲ့သည်။
မိုးညိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မျက်စိအခမဲ့ကုသရေးညှိနှိုင်းဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် မိုးညိုမြို့နယ် ပြည်ခိုင်ဖြိုး ရုံးခန်းမအတွင်း လူငယ်လှုပ်ရှားမှု အသွင်ဖြင့် လှုပ်ရှားဆောင်ရွက် နိုင်ရေး ဒေသခံတို့အား မိုးညိုမြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ မျက်စိ အခမဲ့ကုသရေးလုပ်ငန်းအတွက် ညှိနှိုင်းဆောင်ရွက်မှုကို ယမန်နေ့ မွန်းလွဲပိုင်း၌ကျင်းပရာ ပြည်ခိုင်ဖြိုး ပါတီမှ မြို့နယ်အတွင်းရေးမှူး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်ဇာခြည်လွင်၊ လူငယ်များနှင့် မြို့နယ်အလုပ်အမှုဆောင်များမှ ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေး နွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးရေးဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အလုံမြို့နယ်တွင် ဖေဖော်ဝါရီ ၂၁ရက် ညနေက မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဥက္ကဋ္ဌ ဦးကျော်သူရ၊ အတွင်းရေးမှူး ဒေါ်ဥမ္မာ ကြည်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်စည်းအမှုဆောင်များသည် စောရန်ပိုင် အနောက်ရပ်ကွက်နှင့် ဆင်မင်းရပ်ကွက်များသို့ အဖွဲ့နှစ်ဖွဲ့ခွဲ၍ အောင်နိုင်ရေးအလံများ၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ မဲဆန္ဒရှင်များကို ရင်းနှီး နွေးထွေးစွာကွင်းဆင်းစည်းရုံးခဲ့ကြောင်းသိရသည်။
ထိန်ဝင်း(ကြည့်မြင်တိုင်)
ဇလွန်ပြည်ခိုင်ဖြိုးပါတီ လူငယ်များအတွက် အတတ်ပညာသင်တန်းများ ဖွင့်လှစ်ပေးလျှက်ရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်သင်ကြားသော ကွန်ပျူတာ LCCI Level (1,2) သင်တန်းဆင်းပွဲနှင့် မြန်မာ့ရိုးရာ လက်ဝှေ့သင်တန်းဖွင့်ပွဲ အခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ယခုလ ၁၉ ရက် ညနေ ပိုင်းက ကျင်းပခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီမှ မီးဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့မှုများပေးအပ်

Thurein Linn Myat