ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီ (၂၀) ရက် နံနက် ၉ နာရီမှစ၍ ကော့မှူးအနောက်ခြမ်းဒေသ ဝါးသင်္ခကျေးရွာ၊ မှော်တောကျေးရွာ၊ ပုပ္ပားကျေးရွာများရှိ ဒေသခံပြည်သူတို့ထံ တစ်အိမ်ဝင်တစ်အိမ်ထွက် ကိုယ်စားလှယ်မိတ်ဆက်လက်ကမ်း စာစောင်များ လိုက်လံဝေငှခဲ့ပြီး ပါတီအောင်နိုင်ရေးအလံများ ပေးအပ်ခဲ့ရာ အဆိုပါခရီးစဉ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုကော်မတီဝင် ဦးသာဝင်း၊ ဗဟိုကော်မတီဝင် ဒေါ်အေးမင်းမိုး၊ ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလွင်ဦးတို့က ဦးဆောင်၍ ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်ကော်မတီများ၊ ကော့မှူး မြို့နယ် မြို့နယ်ပါတီကော်မတီများ၊ ကျေးရွာပါတီခေါင်းဆောင်များ စုပေါင်းဝန်းရံအင်အား ၉ဝ ကျော်တို့ဖြင့် တက်ကြွစွာဆောင်ရွက်ခဲ့ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံပြည်သူတို့မှ လှိုက်လှဲစွာ ကြိုဆိုကြကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်မကွေးတိုင်းဒေသကြီးပါတီဝင်များတွေ့ဆုံပွဲ အမှာစကားမှ ကောက်နုတ်ချက်များ
- ပြည်သူ့အပေါ် ဥပဒေမဲ့လုပ်ရပ်များအတွက် ပြည်သူ့ရှေ့ကပြတ်သားစွာ ရပ်တည်၊ ဥပဒေကြောင်းအရ မဆုတ်မနစ်သောဇွဲလုံ့လဖြင့်ရင်ဆိုင်။
- အုပ်ချုပ်ရေးကိစ္စတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဝင်ရောက်စွက်ဖက်မှုများ တိတိကျကျ ဖော်ထုတ်တင်ပြ။
- ပြည်သူ့အကျိုးစီးပွားကို ထိခိုက်နစ်နာစေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းချက်များ၊ အမှား အယွင်းများကို တိကျခိုင်မာစွာဖော်ထုတ်တင်ပြ။
- နိုင်ငံရေးယဉ်ကျေးမှုအသစ်တစ်ရပ်ကို မိမိပါတီမှ နမူနာပြဖော်ဆောင်။
- ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ အောက်လုံးထိုးကွက်များဖြင့် ဒီမိုကရေစီ လမ်းကြောင်းပျက်၍ တိုင်းပြည် နစ်နာခဲ့သည်ကို သင်ခန်းစာယူသင့်။
ပြည်ခိုင်ဖြိုးပါတီဗဟို ဦးဆောင်ကော်မတီ ဦးဌေးဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးသည် ယခုလ ၁၈ ရက် မွန်းလွဲ ပိုင်းက ဟင်္သာတခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဦး နှင့် ပါတီအလုပ်အမှုဆောင်များနှင့်အတူ ဟင်္သာတမြို့ လယ်တီကွင်းရပ်ကွက်ရှိ ခိုလှုံရာခိုကိုးရာမဲ့ ဘိုးဘွား ရိပ်သာဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ယူ ဆောက်လုပ်လျက် ရှိသည့် ဆောက်လုပ်ရေး တာဝန်ခံ ဦးသန်းအောင်၊ ဘိုးဘွားရိပ်သာဂေဟာမှူး ဦးအောင်ခိုင်နှင့် ဘိုးဘွားရိပ်သာ ကော်မတီအဖွဲ့ဝင် ဦးဝင်းထွန်းအောင် တို့က ဆောက်လုပ်ဆဲ အဆောက်အအုံနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမည့်ရက် တစ်ပတ်အတွင်း ပြန်လည် ထုတ်ပြန်မည်
၂၁ရာစု ပင်လုံညီလာခံ ကျင်းပမည့်ရက် တစ်ပတ်အတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်မှ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားသည်။ (more…)
အမျိုးသားအဆင့် ဆွေးနွေးပွဲ ကျင်းပခွင့်ရပါက ငါးရက်အတွင်း စတင်နိုင်ဟု ALP ပါတီပြောကြား
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ခွင့်ပြုပါက ငါးရက်အတွင်း စတင်နိုင်ကြောင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပြောသည်။ (more…)
၂၁ ရာစု ပင်လုံညီလာခံ၌ NCA မရေးထိုးသောအဖွဲ့အားလုံး ပါဝင်ခွင့်ပြုရန် ကချင်အမျိုးသားများ တွေ့ဆုံပွဲ တောင်းဆို
စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိရန် ၂၁ ရာစု ပင်လုံညီလာခံတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်ခွင့်ပြုရန် ကချင်အမျိုးသားများ တွေ့ဆုံပွဲက သဘောထားထုတ်ပြန်တောင်းဆိုသည်။ (more…)
ရွှေထည် ရောင်းချငွေမှ တစ်ရာခိုင်နှုန်း အခွန်ကောက်ရန် ဥပဒေကြမ်း ကော်မတီအဆိုပြု
ရွှေထည်လက်ဝတ်ရတနာများ ရောင်းချငွေမှ တစ်ရာခိုင်နှုန်း အခွန်ကောက်ခံရန် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက အဆိုပြုချက် တင်သွင်းလိုက်ပြီဖြစ်သည်။ (more…)
ဘဏ်တိုးအပေါ် ၀င်ငွေခွန်ကောက်ခံမည့်ကိစ္စ လက်ရှိအစိုးရ သက်တမ်းအတွင်း ဆောင်ရွက်မည်မဟုတ်
ဘဏ်တိုးရငွေအပေါ်တွင် ၀င်ငွေခွန်ကောက်ခံမည်ဆိုသည့်ကိစ္စကို လက်ရှိအစိုးရသက်တမ်းအတွင်း အကောင် အထည် ဖော်ဆောင်ရွက်သွားမည်မဟုတ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကပြောသည်။ (more…)
ယခုနှစ်နွေရာသီသည် အလွန်ပူပြင်းမည့်နှစ်တစ်နှစ်ဖြစ်လာဖွယ်ရှိဟု ဒေါက်တာထွန်းလွင်သတိပေး
ယခုနှစ် နွေရာသီသည် အလွန်ပူသည့် နှစ်တစ်နှစ်ဖြစ်လာနိုင်ပြီး လာမည့်ဧပြီလအထိ အပူချိန်ဖြစ်မြဲထက် ပိုနိုင် ခြေသေချာမှု ၇၀ ရာခိုင်နှုန်း အထက်ရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားလိုက်သည်။ (more…)
ရုရှားနှင့် စစ်ရေးကဏ္ဍ ပူးပေါင်းရန် အစီအစဉ် မရှိဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ပြောကြား
ရုရှားနှင့် စစ်ရေးအရ ပူးပေါင်းရန် အစီအစဉ်မရှိဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက်တစ်က NATO မဟာမိတ်အဖွဲ့ဝင်များကို အသိပေးပြောကြားသွားခဲ့သည်။