ကျပ် ၅၀၀ တန်ထီစာအုပ်များကို ဖေဖော်ဝါရီ ၂၁ ရက်မှစ၍ ထုတ်ပေးလျက်ရှိပြီး ကျပ် ၅၀၀ တန် အရန်ထီ လက်မှတ် စာအုပ်များကို ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ ထုတ်ပေးသွား မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ သတင်းရရှိသည်။ (more…)
ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီးမြို့၌ ကျင်းပခွင့်ရရေး ညှိနှိုင်းနေ
ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီးမြို့တွင် ကျင်းပခွင့်ရရှိရေး ညှိနှိုင်းနေ ကြောင်း သတင်းရရှိသည်။ (more…)
၂၇ နှစ်အတွင်း နှစ်ကြိမ်တိုင် ဖျက်သိမ်းခံထားရသည့် ရခိုင်ပါတီ တတိယ အကြိမ် ပြန်လည်မှတ်ပုံတင်မည်
နှစ်ပေါင်း ၂၇ နှစ်တာကာလအတွင်း နိုင်ငံရေးပါတီ အဖြစ်မှ နှစ်ကြိမ်တိုင်တိုင် ဖျက်သိမ်းခံခဲ့ရသည့် ရခိုင် ဒီမိုကရေစီအဖွဲ့ချူပ် ALD ကို ယခု ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့တွင် တတိယအကြိမ်မြောက် အဖြစ် မှတ်ပုံနိုင်ရန် စီစဉ်နေကြောင်း ပါတီသစ်ဖွဲ့စည်းရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။ (more…)
ပဲခူးတိုင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ငူမြို့တွင် ပြုလုပ်မည်
ပဲခူးတိုင်းဒေသကြီး ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို တောင်ငူမြို့တွင် ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ (more…)
စည်းကမ်းတင်းကျပ်၍ စိစစ်ခွင့်ပြုနေခြင်းကြောင့် ကားအရောင်းပြခန်းဖွင့်လှစ်မှု လျော့ကျလာ
ကားအရောင်းပြခန်းဖွင့်လှစ်ရန် လာရောက်လျှောက်ထားသူများကို စိစစ်ပြီးမှသာ ခွင့်ပြုနေခြင်းကြောင့် ဖွင့်လှစ် ခွင့်ချထားသည့် အရေအတွက် လျော့ကျလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။ လစဉ်အရောင်းပြခန်းဖွင့်လှစ်ရန် လာရောက်လျှောက်ထားသည့် အရေအတွက် ငါးခုမှ ၁၀ ခု ထက်မနည်းရှိသော်လည်း ခွင့်ပြုပေးနှုန်းမှာ တစ်လလျှင် သုံးခုမှ ငါးခုအထိသာ အများဆုံးဖြစ်သည်ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ (more…)
တိုင်းပါတီကော်မတီဝင်နှင့်အဖွဲ့ မီးဘေးသင့်ပြည်သူများအား အားပေးစကားပြောကြား လှူဒါန်းမှုပြု
ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ မီးဘေးသင့်ပြည်သူများ ယာယီလက်ခံရေး စခန်းသို့ ရန်ကုန်တိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဒေါ်စန်းစန်းဝင်း၊ ခရိုင်ပါတီကော်မတီဝင် ဦးဝဏ္ဏမျိုး၊ မြို့နယ် ဥက္ကဌ ဒေါ်စမ်းစမ်းဌေး တို့မှ သွားရောက်အားပေး စကားပြောကြား၍ ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့ရာ မီးဘေးသင့်မိသားစုများ ကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် မုံရွာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ဝင်းမြင့်အောင်၏ မဲဆွယ်စည်းရုံးပွဲများသို့ တက်ရောက်အားပေး
ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်သည် ဖေဖော်ဝါရီ (၂၃) ရက် နံနက် (၈) နာရီ အချိန် တွင် မုံရွာမြို့နယ် ကျောက္ကာ (တောင်)ရွာမှ ရပ်မိရပ်ဖ ဦးနန်းကို၏ နေအိမ်တွင် လည်းကောင်း၊ နံနက် (၁၀)နာရီ အချိန်တွင် ထနောင်းဝင်းကျေးရွာမှ ရပ်မိရပ်ဖ ဦးဇော်ဇော်အောင်နေအိမ်တွင်လည်းကောင်းကျင်းပပြုလုပ်ခဲ့သည့် ကျေးလက်ဒေသနေ မိဘပြည်သူများနှင့် တွေ့ဆုံ၍ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၏တွင် ၀င်ရောက် ရွေးချယ်ခံ မည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်အောင်၏ မဲဆွယ်စည်းရုံးပွဲများသို့ လိုက်ပါပြီး တက်ရောက်အားပေးခဲ့ပါသည်။
ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်း ရဲ့ မဲဆွယ်စည်းရုံးစကား
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းသည် ဖေဖော်ဝါရီ (၂၂) ရက်တွင်၊ တောင်စွန်းကျေးရွာသို့လည်းကောင်း၊ ဖေဖော်ဝါရီ (၂၃) ရက်တွင် ခရိုက်နှီးဟု၊ ကမာကေး၊ တော်ပကောက် ကျေးရွာများသို့လည်းကောင်း သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံကာ မဲဆွယ်စည်းရုံး စကားများ ပြောကြားခဲ့သည်။
ပန်းတောင်းမြို့နယ်ကော်မတီဝင်များနှင့် သံတွဲမြို့နယ်ကော်မတီဝင် များ တွေ့ဆုံဆွေးနွေး
ပဲခူးတိုင်းဒေသကြီး (အနောက်) ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေးမှူး ဦးလှမင်း ဦးဆောင်သော ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ခေါင်းဆောင်များ အင်အား (၂၇) ဦးသည် ဖေဖော်ဝါရီ (၂၂) ရက် နံနက် (၉) နာရီအချိန်က သံတွဲမြို့နယ်သို့ လေ့လာရေးခရီး ရောက်ရှိစဉ် သံတွဲ ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်ကော်မတီဝင် ဦးတင်မောင်သန်း၊ ခရိုင် အတွင်းရေးမှူး ဒေါ်ဝင်းမင်းမာထွန်း မြို့နယ် ဥက္ဏဠ ဦးစန်းနိုင်၊ အတွင်းရေးမှူး ဦးကြည်ရွှေနှင့်ကော်မတီဝင်များ၊ ပါတီဝင်လူငယ်များက ကြိုဆိုပြီး တွေ့ဆုံပွဲ ပြုလုပ်ကာ မိမိတို့ဒေသအကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး သံတွဲပြည်ခိုင်ဖြိုးပါတီမှ နေ့လည်စာဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။
မန်စီမြို့နယ်ပါတီဝင်များ လေ့လာရေးခရီးလာရောက်
၂၄.၂.၂၀၁၇ရက်နေ့ နံနက်(၈) နာရီခွဲ အချိန်တွင် ကချင်ပြည်နယ် မန်စီမြို့နယှ်ပြည်ခိုင်ဖြို;လူငယ်များမှ နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်သို့ လာရောက်လေ့လာရာခဲ့ရာ ဗဟိုအတွင်းရေးမှူး များနှင့် ဗဟိုကော်မတီဝင် များမှ နွေးထွေးစွာ ကြိုဆိုခဲ့ကြပါသည်။