အုတ်ဖိုမြို့နယ်ပြည်ခိုင်ဖြိုး လပတ်ပုံမှန်စည်းဝေး

 

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ အုတ်ဖိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လပတ်ပုံမှန် အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်ထွေးက ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။ ယင်းအစည်းအဝေးသို့ အတွင်းရေးမှူး ဦးဇော်ဦးနှင့်ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ဆွေးနွေးပွဲ ပြုလုပ်

မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီအမျိုးသမီးရေးရာအဖွဲ့မှကြီး မှူး၍ ဆွေးနွေးပွဲ တစ်ရပ်ကို ယခု လ ၂၄ ရက်နံနက် ၁၁ နာရီခွဲက ပြုလုပ်ခဲ့သည်။

 

 

(more…)


ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုး မဲဆွယ်စည်းရုံးရေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ဘလုပ်ညွန့်နှင့် အေးရွာရပ်ကွက် များသို့ ယမန်နေ့နံနက် ၈ နာရီခွဲက ရန်ကုန် အနောက်ပိုင်းခရိုင်ပါတီ ကော်မတီ ဝင် ဒေါ်အိအိလှိုင်၊ ကြည့်မြင်တိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်လွင် နှင့် အတွင်းရေးမှူး ဦးဇော် ဝင်းအောင်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် စမ်းချောင်း မြို့နယ် ကော်မတီဝင်များ၊ ရပ်/စည်းအမှုဆောင်များသည် မဲဆန္ဒရှင် ပြည်သူ များနှင့်တွေ့ဆုံ၍ အောင်နိုင်ရေးအလံများနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ ဟောပြောပွဲများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပါတီဗဟိုဦးဆောင်ကော်မတီ သူရဦးအေးမြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးပွဲသို့ တက်ရောက်အားပေး

ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီ သူရဦးအေးမြင့်သည် ယခုလ ၂၃ရက် မွန်းလွဲ ၃ နာရီတွင် မုံရွာမြို့ပေါ်ရပ် အိုးဘိုတောင်ရပ်ကွက်နေ ပါတီမိတ်ဆွေနေအိမ်၌ ကျင်းပသည့် မုံရွာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ပါဝင်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာ ဝင်းမြင့်အောင်၏ ရပ်ကွက်နေ မိဘ ပြည်သူ များနှင့် တွေ့ဆုံမဲဆွယ် စည်းရုံးပွဲသို့လိုက်ပါပြီး အားပေးခဲ့သည်။

(more…)


ခရိုင်/မြို့နယ်/ရပ်ကျေး အစည်းအဝေးကျင်းပခြင်း

 

(၂၄-၂-၂၀၁၇)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်/မြို့နယ်/ ရပ်ကျေး ပြည်ခိုင်ဖြိုးပါတီ ညှိနိုင်းအစည်းအဝေးကို ကျင်းပရာ ဗဟိုကော်မတီဝင် ဦးဝီလ်ဆင်မိုး တက်ရောက်ခဲ့ပြီး ကျိုင်းတုံမြို့နယ် တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အုတ်တစ်ချုပ် သဲတစ်ပွင့်အဖြစ် ၀ိုင်းဝန်ဆောင်ရွက်ရေးကိစ္စ၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌကြီး လာရောက်ခဲ့လျှင် ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ရှေ့ လုပ်ငန်းစဉ် ကိစ္စများ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း
သိရှိရပါသည်။

ရခိုင်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရပါက ရခိုင်တစ်မျိုးသားလုံး၏ ဆုံးဖြတ်ချက်ဖြင့် ရှေ့ဆက်သွားမည်

ရခိုင်ပြည်နယ်အတွင်း ကျင်းပခွင့်မရသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခွင့် ရရှိရေးအတွက် အကြို လူထုဆွေးနွေးပွဲများ ပြုလုပ်နေပြီး ကျင်းပခွင့်မရပါက ရခိုင်တစ်မျိုးသားလုံး၏ ဆုံးဖြတ်ချက်များကိုရယူပြီး ရှေ့ဆက်သွားရန်သာရှိကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။ (more…)


စင်ကာပူတွင် ကြားဖြတ် ရွေးကောက်ပွဲအတွက် ၁၃၅ ဦး မဲပေး၊ ၄၂ ဦး ပျက်ကွက်

ဧပြီလ ၁ ရက်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် စင်ကာပူရောက် မြန်မာနိုင်ငံသားများ ဆန္ဒမဲပေးရာ မဲပေးခွင့်ရှိသူ ၁၇၇ ဦးအနက် ၁၃၅ ဦး မဲပေးပြီး ၄၂ ဦး ပျက်ကွက်ကြောင်း စင်ကာပူရောက် မြန်မာနိုင်ငံသား ဒေါ်မေကျော်စိုးညွန့်က The Voice သို့ ပြောကြားသည်။ (more…)


ပြည်တွင်းငွေလဲနှုန်းကို ဗဟိုဘဏ်မှ သတ်မှတ်သည့်နှုန်း မဟုတ်ဘဲ ဘဏ်အချင်းချင်း အမှန်တကယ် ရောင်းဝယ် သည့်နှုန်းထားဖြင့် သတ်မှတ်တော့မည်

ပြည်တွင်းငွေလဲနှုန်းကို ဗဟိုဘဏ်မှ သတ်မှတ်သည့်နှုန်း မဟုတ်တော့ဘဲ ဘဏ်အချင်းချင်း အမှန်တကယ် ရောင်းဝယ်သည့်နှုန်းထားဖြင့် သတ်မှတ်တော့မည်ဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။ (more…)


အခွန်ပေးရမည့်သတင်းကြောင့် ရွှေအဝယ်လိုက်

လာမည့်ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်နေ့တွင် ရွှေဝယ်ယူခြင်းအတွက် အခွန် ၁ ရာခိုင်နှုန်း စတင်ပေးဆောင်ရ မည့်အတွက် ယခုရက်ပိုင်းအတွင်း ရွှေဝယ်ယူမှု ယခင်ကထက် များပြားကြောင်း ရွှေ လုပ်ငန်း ရှင်များထံမှ သိရသည်။ (more…)


ပြည်တွင်း ခရီးစဉ်နှုန်းထားများ ဒေါ်လာနှင့် မကြော်ငြာရန် ဗဟိုဘဏ် ခေါ်ယူသတိပေးမည်

ပြည်တွင်းခရီးစဉ်များကို အမေရိကန် ဒေါ်လာနှုန်းထားနှင့် ရောင်းချရန်ကြော်ငြာနေသည့် ခရီးသွားကုမ္ပဏီများကို ယင်းသို့မပြုလုပ်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခေါ်ယူသတိပေးပြောဆို မည်ဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။ (more…)