ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ယမန်နေ့ နံနက် ၉ နာရီမှစတင်ကာ ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် (၁) ရပ်ကွက်အတွင်း ကွင်းဆင်းစည်း ရုံးဆောင်ရွက်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ယမန်နေ့ နံနက် ၉ နာရီမှစတင်ကာ ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် (၁) ရပ်ကွက်အတွင်း ကွင်းဆင်းစည်း ရုံးဆောင်ရွက်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးမှ ပြည်သူ့ဆက်ဆံရေးနှင့် အခြေခံ သတင်းမီဒီယာသင်တန်းဖွင့်ပွဲကို မတ်လ (၆) ရက် နံနက် (၉) နာရီ (၃၀) မိနစ်အချိန်က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ နွားထိုးကြီးမြို့နယ်ပါတီဥက္ကဋ္ဌမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် ရပ်ကျေးပုံမှန်မျက်နှာ စုံညီအစည်းအဝေးကို မတ်လ( ၇ )ရက် (၁၃ဝဝ) အချိန် မြိတ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးအစည်းဝေးခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။
အစည်းအဝေးကိုမြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့် နှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ကျေးရွာ/ရပ်ကွက် စည်းရုံးရေးမှူးများနှင့်အမာခံပါတီဝင်များ တက်ရောက်ကြပြီး မြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမအတွင်း ယခုလ ၂ ရက်က ဘုတ်ပြင်းမြိ့နယ် ပြည်ခိုင်ဖြိုး၏ နိုင်ငံရေးနှင့်စီမံခန့်ခွဲမှု ဆင့်ပွားသင်တန်း ဆင်းပွဲ အခမ်းအနားကို အဆိုပါရုံးခန်းမအတွင်း ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်သူက အမှာစကားပြောကြားခဲ့ပြီး သင်တန်းအား
ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၂ ရက်အထိ သင်တန်းသား ၆ဝ ဦးအား ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ်မှ မီးဘေးသင့် ခဲ့သည့် ပြည်ခိုင်ဖြိုးမိသားစုများအား ရန်ကုန်အနောက်ပိုင်းခရိုင် အတွင်းရှိ (၁၃)မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့်မြို့ နယ်ကော်မတီဝင်များစုပေါင်း၍ တန်ဖိုးငွေ ခြောက်သိန်းဖိုး ရှိသော စားသောက်ကုန်ပစ္စည်းများကို ယနေ့မွန်းလွဲ၁နာရီက ခရိုင်ပါတီ ကော်မတီဥက္ကဋ္ဌဦးနေဝင်း၊ အတွင်းရေးမှူးဦးမြင့်ဆောင်၊ ခရိုင်ကော်မတီဝင် ဒေါ်အိအိလှိုင်နှင့် ဒေါ်စန်းစန်းဝင်းတို့က မီးဘေး သင့်ပြည်ခိုင်ဖြိုးပါတီမိသားစုများအား ကိုယ်တိုင်ကိုယ်ကျသွား ရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် မတ်လ (၇) ရက် နံနက် ၇ နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း) ကျောက်တလုံးကြီးမြို့သို့ဝင်ရောက်ပြီး ပအိုဝ့်တိုင်း ရင်းသားခေါင်းဆောင် ဦးအောင်ခမ်းထီအား ချစ်ခင်ရင်းနှီး စွာ တွေ့ဆုံနှုတ်ဆက်ပြီးနောက် မွန်းတည့် ၁၂နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) မြသိန်းတန်ကျေးရွာရှိ မြသိန်းတန်ရွာဘုန်းကြီးကျောင်း၌ တောင်ခြေကျေးရွာအုပ်စု မြသိန်းတန်ရွာ ဘုန်းတော်ကြီးကျောင်းလူထုတွေ့ဆုံပွဲ ကျင်းပသည်။
* ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းရဲ့အမည်နဲ့ မဲဆန္ဒနယ်မြေ၊ ဝင်ရောက် ရွေးချယ်ခံဖြစ်ပုံကို သိလိုပါတယ်။
ဗဟိုဦးစီးစနစ်နဲ့ ရွေးချယ်တာမဟုတ်ဘဲ ဝင်ရောက်အရွေးခံမယ့် ကိုယ်စား လှယ်လောင်းတွေကိုယ်တိုင် ဆန္ဒပြုနိုင် တဲ့အတွက် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အတွက် လိုအပ်ချက်တွေကို ကိုယ်တိုင်ဖြည့်ဆည်းပေးချင်လို့ ဝင်ရောက် အရွေးချယ်ခံခြင်းဖြစ်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်မောင် တို့သည် မတ်လ (၆) ရက် နံနက်ပိုင်းတွင် ပါတီဝင်များလိုက်ပါလျက် (၂၇.၂.၂၀၁၇) ညပိုင်းက ပျံလွန်တော်မူသွားပြီဖြစ်သော မစိုးရိမ်ကျောင်းတိုက် အဓိပတိမဟာနာယက သဒ္ဒမ္မ နယူးပဒေသကျောင်းဆရာတော် ဘုရားကြီး နိုင်ငံတော်သြဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တပဒုမာဘိဝံသ သက်တော်(၈၂)၊ ဝါတော်(၆၂)ဝါ၏ ရုပ်ကလပ်အား သွားရောက်ဖူးမျှော် ကန်တော့ခဲ့ပြီး ဈာပနအတွက် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ လှူဒါန်းသော အလှူငွေ ကျပ်သိန်း (၃၀)ကို ဆရာတော်များထံ ပေးအပ်လှူဒါန်း ခဲ့ပါသည်။
ဧပြီလတွင် ကျင်းပပြုလုပ်မည့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အတွက် မိမိပါတီမှ ကိုယ်စားလှယ်လောင်း အနိုင်ရရှိရေးအတွက် ပြည်နယ် ပါတီဥက္ကဋ္ဌမှ ပြည်နယ်ပါတီကော်မတီဝင်များ၊ အောင်နိုင်ရေးကော်မတီဝင်များ၊ ၀န်းရံသူများအား ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် မတ်လ (၄) ရက် နံနက် (၉) နာရီ အချိန်က ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အကျယ်တ၀င့် ဆွေးနွေးခဲ့ကြ သည်။