ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ စက်ရေတွင်း တူးဖော်လှုဒါန်း
ကျေးလက်နေပြည်သူများ သောက်သုံးရေအတွက် ခက်ခဲမှုမရှိစေရန် ရည်ရွယ် ၍ မတ်လ (၂၃) ရက်နေ့နံက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစောမော်ထွန်းဦးဆောင်သော တိုင်း၊ခရိုင်၊မြို့နယ်ကော်မတီဝင်များမှ ပဲခူးမြို့နယ် အထက်စည်တီးအနောက်ကျေးရွာ၌ စက်ရေတွင်းတူးဖော်ရန် အလှူငွေများ သွားရောက်လှူဒါန်းခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာနေအလှူရှင်များနှင့် ပူးပေါင်း ပြီး အထက်စည်တီးအနောက်ကျေးရွာ၌ အနက်ပေ (၄၆၀) ရှိ (၄) လက်မ စက်ရေးတွင်းတစ်တွင်းအား ရေစက်အပါအဝင် ငွေကျပ် (၁၅) သိန်း အကုန်ကျခံ တူးဖော်လှူဒါန်းခြင်းဖြစ်သည်။
လုံခြုံရေးအရ မိုင်းရှူးရှိ ကျေးရွာအုပ်စုသုံးခုတွင် ရွေးကောက်ပွဲမကျင်းပရန် ဒီချုပ်အမတ်လောင်းနှစ်ဦး ၏တင်ပြမှု SNLD ကန့်ကွက်မည်
မိုင်းရှူးမြို့နယ်ရှိ ကျေးရွာအုပ်စုသုံးခုတွင် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲမကျင်းပရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းနှစ်ဦးက ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားမှုကို ကန့်ကွက်မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီပြောရေးဆို ခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။ (more…)
ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ်များသို့ နိုင်ငံတကာမှ လေ့လာစောင့်ကြည့်သူများ ယနေ့စတင် စေလွှတ်မည်
ကြားဖြတ်ရွေးကောက်ပွဲဖြစ်စဉ်များကို စောင့်ကြည့်ရန် နိုင်ငံတကာလေ့လာစောင့်ကြည့် ရေးအဖွဲ့တစ်ခုမှ ကိုယ်စားလှယ်များကို လစ်လပ်မဲဆန္ဒနယ် ၁၉ ခု သို့ ယနေ့စေလွှတ်နေရာချမည် ဖြစ်ကြောင်း သတင်းရရှိ သည်။ (more…)
ကိုးကန့်လက်နက်ကိုင်အဖွဲ့ ဘဏ်အကောင့်ကို တရုတ်အစိုးရဘဏ် ပိတ်သိမ်း
ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ကို တရုတ်နိုင်ငံသားများ ငွေကြေးထောက်ပံ့ရန်အတွက် ဖွင့်လှစ် ထားသည့် ဘဏ်အကောင့်ကို တရုတ်နိုင်ငံ စိုက်ပျိုးရေးဘဏ်က ပိတ်သိမ်းလိုက်ကြောင်း ရိုက်တာ သတင်း ဌာနက သတင်းဖော်ပြထားသည်။ (more…)
အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ကျေးရွာလူထုနှင့် တွေ့ဆုံဟောပြော
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးသောင်းငြိမ်းသည် မတ်လ (၂၁) ရက် နံနက် (၁၀) နာရီခွဲအချိန်က အမ်းမြို့နယ်၊ တောင်ဖီလာ ကျေးရွာအုပ်စု၊ ကျေးရွာပြည်သူလူထုနှင့် အဆိုပါ ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း သိမ်တော်အရှေ့ ပရဝုဏ်အတွင်း၌ တွေ့ဆုံခဲ့ကြသည်။
ညောင်လေးပင်၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ကွင်းဆင်းစည်းရုံး
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမည့် အမှတ်(၄)မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းသည် ဒေသခံပြည်သူ များထံ မတ် ၂၂ ရက်က ကွင်းဆင်း စည်းရုံးခဲ့ကြောင်းသိရှိရပါသည်။
ဒီမိုကရေစီ စစ်မှန်ဖို့ ပြည်ခိုင်ဖြိုးကို မဲပေးကြပါစို့…
အောင်မြတ်သူ
ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ နာယကအဖွဲ့ဝင်များ တိုင်းပါတီကော်မတီဝင် များနှင့်တွေ့ဆုံ
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကော်မတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသ ကြီး ပါတီနာယကကြီးများ၊ ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ တွေ့ဆုံညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
လှိုင်သာယာမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များအား တစ်အိမ်တက်ဆင်းတွေ့ဆုံ
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြောက်ပိုင်းခရိုင်ဥက္ကဋ္ဌ ဦးတင်ယုနှင့်အတူ မြို့နယ်ပါတီဝင်များသည် လှိုင်သာယာမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များအား တစ်အိမ်တက်ဆင်း တွေ့ဆုံနေသည့်ပုံရိပ်များကို မတ် ၂၂ ရက်က တွေ့ရစဉ်။
ဖိုးအာကာ
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ချင်းပြည်နယ် ဟားခါးမြို့တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရပ်/ကျေးပါတီကော်မတီဝင်များ ပါတီဝင်များနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ချင်းပြည်နယ် ဟားခါးမြို့ရှိ ပါတီဝင်များနှင့် ဟားခါးမြို့ရှိ ပြည်နယ်ပါတီရုံး ခန်းမ၌ မတ်လ (၂၂) ရက် ညနေ ၄ နာရီတွင် တွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီ ဥက္ကဋ္ဌများမှ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာများ ဖတ်ကြားတင်သွင်းကြပြီး တက်ရောက်လာသော ပါတီဝင်များက လိုအပ်ချက်ကို တင်ပြခဲ့ကြသည်။



