နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြဆင့်ပွားသင်တန်းဆင်းပွဲကျင်းပ

 

ထားဝယ်ခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူးဖွင့်လှစ်သော နိုင်ငံရေးစီမံ ခန့်ခွဲမှုနည်းပြ ဆင့်ပွားသင်တန်း (၁/၂ဝ၁၇)သင်တန်းဆင်းပွဲ အခမ်း အနားကို တနင်္သာရီတိုင်းဒေသ ကြီး ထားဝယ်မြို့ ပြည်ခိုင်ဖြိုးပါတီ ရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃နာရီခွဲကကျင်းပခဲ့သည်။
အခမ်းအနားတွင် ပါတီဗဟို ကော်မတီဝင် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးနေမျိုးက သင်တန်းဆင်းဂုဏ်ပြု အမှာစကားပြောကြားပြီး သင် တန်းဆင်းလက်မှတ်များကို ခရိုင် ပါတီအတွင်းရေးမှူး ဦးထိန်ဝင်း ကသင်တန်းသူတစ်ဦးအားစုပေါင်း ပေးအပ်သည်။ ထို့နောက် အမှတ် တရစုပေါင်းဓာတ်ပုံရိုက်ကာ သင် တန်းဆင်းပွဲအခမ်းအနားကို အောင် မြင်စွာ ရုပ်သိမ်းလိုက်သည်။
ထိုသင်တန်းကို သုံးရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသား သင်တန်းသူ ၅၁ ဦးတက်ရောက် ခဲ့ကြသည်။

ကမာရွတ်နှင့်ဗဟန်းပြည်ခိုင်ဖြိုးပါတီဝင်များပြည်သူထံအရောက်ကွင်းဆင်းစည်းရုံး

 

ရန်ကုန်တိုင်းဒေသကြီး ကမာ ရွတ်မြို့နယ်နှင့်ဗဟန်းမြို့နယ်ပါတီ ဝင်များသည် မတ်၂၃ရက် နံနက် က ကမာရွတ်မြို့နယ်အမှတ် ၆၊ ၇၊ ၈ ရပ်ကွက် သုံးရပ်ကွက်သို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လောင်း ဦးခင်မောင်အေး၊ ရန်ကုန် အနောက်ပိုင်းခရိုင် ဘဏ္ဍာရေးမှူး ဦးမိုးဝင်းကျော်၊ ခရိုင်ကော်မတီဝင် ဦးမျိုးမင်းသိန်း၊ ကမာရွတ်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမျိုးအောင်၊ ဗဟန်း မြို့နယ်ဥက္ကဋ္ဌ ဦးကျော်စိုးတို့နှင့်အတူ မဲဆန္ဒရှင်ပြည်သူများထံ တစ်အိမ် တက်ဆင်း သွားရောက်၍ မဲဆွယ် စည်းရုံးခဲ့ကြကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်ယု ဆန္ဒမဲပေးရေး တစ်အိမ်တက်ဆင်း လိုက်လံရှင်းလင်းပြသ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လှိုင် သာယာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးတင်ယုသည် မတ် ၂၃ ရက် နံနက်ပိုင်းမှ စတင်၍ (၁၆)ရပ်ကွက် မဲဆန္ဒရှင်ပြည်သူများထံ တစ်အိမ်တက်ဆင်းသွားရောက်ကာ မိတ်ဆက်ဂါရဝပြု ခဲ့ကြောင်း သိရသည်။
ထို့ပြင် အခြားရပ်/ကျေးများတွင်လည်း အောင်နိုင် ရေးအဖွဲ့များက တစ်အိမ်တက်ဆင်း လက်ကမ်းစာစောင် များကိုဖြန့်ဝေခြင်း၊ ဆန္ဒမဲပေးရန် နမူနာပုံစံကို လိုက်လံ ရှင်းလင်းပြသခဲ့ခြင်းများ လုပ်ဆောင်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေး ချင်းပြည်နယ် ထန်တလန် မြို့သို့ရောက်ရှိခဲ့ပြီး ပြည်သူများနှင့် ချစ်ကြည်ရင်းနှီးစွာ တွေ့ရစဉ်


ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ စက်ရေတွင်း တူးဖော်လှုဒါန်း

 

ကျေးလက်နေပြည်သူများ သောက်သုံးရေအတွက် ခက်ခဲမှုမရှိစေရန် ရည်ရွယ် ၍ မတ်လ (၂၃) ရက်နေ့နံက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစောမော်ထွန်းဦးဆောင်သော တိုင်း၊ခရိုင်၊မြို့နယ်ကော်မတီဝင်များမှ ပဲခူးမြို့နယ် အထက်စည်တီးအနောက်ကျေးရွာ၌ စက်ရေတွင်းတူးဖော်ရန် အလှူငွေများ သွားရောက်လှူဒါန်းခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာနေအလှူရှင်များနှင့် ပူးပေါင်း ပြီး အထက်စည်တီးအနောက်ကျေးရွာ၌ အနက်ပေ (၄၆၀) ရှိ (၄) လက်မ စက်ရေးတွင်းတစ်တွင်းအား ရေစက်အပါအဝင် ငွေကျပ် (၁၅) သိန်း အကုန်ကျခံ တူးဖော်လှူဒါန်းခြင်းဖြစ်သည်။

လုံခြုံရေးအရ မိုင်းရှူးရှိ ကျေးရွာအုပ်စုသုံးခုတွင် ရွေးကောက်ပွဲမကျင်းပရန် ဒီချုပ်အမတ်လောင်းနှစ်ဦး ၏တင်ပြမှု SNLD ကန့်ကွက်မည်

မိုင်းရှူးမြို့နယ်ရှိ ကျေးရွာအုပ်စုသုံးခုတွင် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲမကျင်းပရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းနှစ်ဦးက ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားမှုကို ကန့်ကွက်မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီပြောရေးဆို ခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။ (more…)


ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ်များသို့ နိုင်ငံတကာမှ လေ့လာစောင့်ကြည့်သူများ ယနေ့စတင် စေလွှတ်မည်

ကြားဖြတ်ရွေးကောက်ပွဲဖြစ်စဉ်များကို စောင့်ကြည့်ရန် နိုင်ငံတကာလေ့လာစောင့်ကြည့် ရေးအဖွဲ့တစ်ခုမှ ကိုယ်စားလှယ်များကို လစ်လပ်မဲဆန္ဒနယ် ၁၉ ခု သို့ ယနေ့စေလွှတ်နေရာချမည် ဖြစ်ကြောင်း သတင်းရရှိ သည်။ (more…)


ကိုးကန့်လက်နက်ကိုင်အဖွဲ့ ဘဏ်အကောင့်ကို တရုတ်အစိုးရဘဏ် ပိတ်သိမ်း

ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ကို တရုတ်နိုင်ငံသားများ ငွေကြေးထောက်ပံ့ရန်အတွက် ဖွင့်လှစ် ထားသည့် ဘဏ်အကောင့်ကို တရုတ်နိုင်ငံ စိုက်ပျိုးရေးဘဏ်က ပိတ်သိမ်းလိုက်ကြောင်း ရိုက်တာ သတင်း ဌာနက သတင်းဖော်ပြထားသည်။ (more…)


အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ကျေးရွာလူထုနှင့် တွေ့ဆုံဟောပြော

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးသောင်းငြိမ်းသည် မတ်လ (၂၁) ရက် နံနက် (၁၀) နာရီခွဲအချိန်က အမ်းမြို့နယ်၊ တောင်ဖီလာ ကျေးရွာအုပ်စု၊ ကျေးရွာပြည်သူလူထုနှင့် အဆိုပါ ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း သိမ်တော်အရှေ့ ပရဝုဏ်အတွင်း၌ တွေ့ဆုံခဲ့ကြသည်။