မြစ်ကြီးနားမြို့နယ် ပါတီဝင်များတွေ့ဆုံ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီဝင်အင်အားစိစစ်ရေး လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပါတီဝင်များတွေ့ဆုံညှိနှိုင်းအစည်းအဝေး ကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။

(more…)


ဗဟိုဦးဆောင်ကော်မတီ သူရဦးအေးမြင့် နန်းဇားကျေးရွာ ပြည်သူလူထုနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုဦးဆောင်ကော်မတီ သူရဦးအေးမြင့်သည် ယခုလ ၁၃ ရက် ညနေ ၄နာရီတွင် စစ်ကိုင်း တိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ကနန်းဒေသ နန်းဇားကျေးရွာသို့ ရောက်ရှိပြီး ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာ ရုံ၌ကျင်းပသည့် နန်းဇားကျေးရွာ မိဘပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြားပြီး ရွာအဝင် ချောင်းကူးတံတား တည်ဆောက် ရေးအတွက် ကူညီဆောင်ရွက် ပေးမည်ဟု ကတိပြုပြောကြားခဲ့သည်။

(more…)


ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး လောက်ကိုင် ယောက်အဲရှိရွာမှ မိဘမဲ့သမီးငယ်အား ငွေငါးသိန်းထောက်ပံ့

လောက်ကိုင်ဒေသ ယောက်အဲရှိကျေးရွာသို့ အကြမ်းဖက်သောင်းကျန်းသူများ ယခုလ ၅ ရက်နံနက် ၃ နာရီတွင် ဝင်ရောက်ပစ်ခတ်မှုကြောင့် မိဘနှစ်ပါးသေဆုံးခဲ့ရသည့် အသက်နှစ်လခွဲသာရှိသော မဆောင်းဒီဇင်ဘာထွန်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီးတို့က ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ရွှေပြည်တော်ဟိုတယ်သို့သွားရောက်၍ ထောက်ပံ့ငွေကျပ် ငါးသိန်းနှင့်ကလေးအသုံးအဆောင်ပစ္စည်းများ သွားရောက်ထောက်ပံ့ခဲ့သည်။

 

(more…)


ပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦး ဟင်္သာတခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ အတွင်းရေးမှူးများ အလုပ်အမှုဆောင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော် မတီ ဦးဌေးဦးသည် ယခုလ ၁၆ ရက် ညနေပိုင်းက ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးရုံးတွင် ဟင်္သာတခရိုင် နှင့်မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်း ရေးမှူးများ၊ အလုပ်အမှုဆောင်များ နှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

 

(more…)


” အ”သုံးလုံး ကျောင်းသားကျောင်းသူများကို ချောက်ပြည်ခိုင်ဖြိုးမှ အဟာရ ဒါနပြု

ချောက်မြို့နယ် အမှတ်(၅) နယ်မြေ ရန်ကင်းဓမ္မာရုံ တွင် ” အ ” သုံးလုံး ကျောင်းသားကျောင်းသူများအား ချောက်မြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မှ မြို့နယ်ကော်မတီဝင် ဒေါ်စန်းစန်းဌေး နှင့် အမျိုးသ္မီးရေးရာ အဖွဲ့များမှ စာသင်ကြားပေးလျက် ရှိရာသို့ ယမန်နေ့ ညနေ ၄း၃၀ နာရီ အချိန်တွင် ချောက်မြို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်ဦး ၏လမ်းညွှန်မှု၊ မကွေးခရိုင်ကော်မတီဝင် ဒေါ်မီမီစိုး၊ အတွင်းရေးမှူး ဦးသန်းလှိုင် နှင့်ကော်မတီဝင်များက ကျောက်ကျောအဟာရ ဒါန ပြုခဲ့ပါသည်။

နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်က ယခင်အစိုးရအဖွဲ့၌ ပူးပေါင်းဆောင်ရွက်ခဲ့သည့်လုပ်ဖော်ကိုင်ဖက်များအား ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်က ယခင်အစိုးရသက် တမ်းအတွင်း ပူးပေါင်းဆောင်ရွက် ခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက်များ အား ညစာစားပွဲဖြင့် ဂုဏ်ပြုဧည့်ခံ ခြင်းအခမ်းအနားကို ယနေ့ ည ၆ နာရီခွဲတွင်နေပြည်တော်ဟိုတယ် ဇုန်-၂ ရှိKenpinski Hotel ၌ တည်ခင်းဧည့်ခံခဲ့သည်။

(more…)


ကုလလုံခြုံရေးကောင်စီ၏ မြန်မာအပေါ် ကြေညာချက် တရုတ်နှင့် ရုရှားကန့်ကွက်

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံအပေါ် ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ကြေညာချက်ကို တရုတ် နှင့် ရုရှားနိုင်ငံတို့က မတ်လ ၁၇ရက်တွင် ကန့်ကွက်တားဆီးခဲ့သည်။ (more…)


ကြားဖြတ်ရွေးကောက်ပွဲ ရှိသဖြင့် ရှမ်းပြည် ညီညွတ်ရေးကော်မတီ နှစ်ပတ်လည် အစည်းအဝေး ရွှေ့ဆိုင်း

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ရှမ်းနိုင်ငံရေးပါတီများနှင့် ရှမ်းလူမှုအဖွဲ့အစည်းများ ညီညွတ်ရေး ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) နှစ်ပတ်လည် အစည်းအဝေးကို မတ်လအတွင်း ကျင်းပရမည်ဖြစ်သော်လည်း ကြားဖြတ်ရွေးကောက်ပွဲကြောင့် နောက်ဆုတ် ကျင်းပမည် ဖြစ်ကြောင်း CSSU အတွင်းရေးမှူး အဖွဲ့ဝင် စိုင်းကျော်ညွန့်က ပြောသည်။ (more…)


ဗိုလ်ချုပ်အောင်ဆန်း တံတားဟု အမည်ပေးခြင်းမှာ တိုင်းရင်းသားတို့၏ အမျိုးသားရေး လက္ခဏာကို ခြိမ်းခြောက်နေ သလို ခံစားရဟုဆို

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ဘီးလူးကျွန်းချောင်းဆုံမြို့တို့အား ဆက်သွယ်ထားသောတံတားကို “ဗိုလ်ချုပ်အောင်ဆန်းတံတား” ဟု အမည်ပေးခြင်းမှာ တိုင်းရင်းသားတို့၏ အမျိုးသားရေး လက္ခဏာကို ခြိမ်း ခြောက်မှုဖြစ်စေသည့်အတွက် နောင်တွင် အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်အနေဖြင့် ရှောင်ရှား သင့် ကြောင်း ကချင် ငြိမ်းချမ်းရေးကွန်ရက်မှ မတ်လ ၁၉ ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။ (more…)


ထိုင်းထွက်ကုန်များ ပြပွဲလေးရက်ကြာ ပြုလုပ်မည်

ထိုင်း-မြန်မာ ချစ်ကြည်ရေးအဖြစ် ထိုင်းကုန်ပစ္စည်းများပြပွဲနှင့် ထိုင်းစီးပွားရေးပညာရှင်များ လာရောက် ဆွေးနွေးပို့ချမည့် Top Thai Brands 2017 ပွဲတော် ကို ပြုလုပ်မည်ဖြစ်သည်။ (more…)