ရပ်မိ/ရပ်ဖများ ပါတီခေါင်းဆောင်များ ပါတီဝင်များနှင့် တွေ့ဆုံ ဆွေးနွေး
(19.3.2017) ရက်နေ့ မော်လမြိုင်ကျွန်းမြို့ ပြည်ခိုင်ဖြိုးပါတီကွင်းဆင်းအဖွဲ့ အမှတ် (၁) ခရိုင်ပါတီ ကော်မတီဦးချစ်သိန်း မြို့နယ်ပါတီအတွင်းရေးမှူး ဦးအောင်ဇော်လှိုင် အမှတ် (၁) နယ်မြေတာဝန်ခံ ဒေါ်သဲနုဝါ အမှတ် (၂ ) နယ်မြေတာဝန်ခံ ဦးအောင်ကျော်ဦးအဖွဲ့သည် အောက် မအူတုံးကျေးရွာနှင့် အထက် မအူတုံးကျေးရွာတို့တွင် ရပ်မိရပ်ဖများ ပါတီခေါင်းဆောင်များ ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
မဲဆန္ဒရှင်ပြည်သူများထံ ကိုယ်စားလှယ်လောင် မိတ်ဆက်ခြင်း ဖန်းဖလက် ပေးဝေးခြင်းနှင့် စတေကာများ ကပ်ခြင်းပြုလုပ်ခဲ့
(19.3.2017) နေ့ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၆)မဲဆန္ဒနယ်မြေ အမျိုး သားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်အေးနှင့်အတူ လမ်းမတော်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့ နယ် ကော်မတီဝင်များ၊ ရပ်ကွက်ကော်မတီဝင်များ၊ ကျောက်တံတားမြို့ နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့ နယ်ကော်မတီဝင်တို့ စုပေါင်း ကာ လမ်းမတော်မြို့ နယ် အမှတ် (၅) ရပ်ကွက်အတွင်းရှိ မဲဆန္ဒရှင် မိဘပြည်သူများအား ကိုယ်စားလှယ်လောင်းနှင့်မိတ်ဆက်ခြင်း ပန်းဖလက် ပေးဝေခြင်းနှင့် စတေကာကပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ကော့မှူးပြည်ခိုင်ဖြိုးပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲအောင်နိုင်ရေး ကွင်းဆင်းစည်းရုံးဟောပြော
အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကျေးရွာ ပြည်သူလူထုနှင့်တွေ့ဆုံ
၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းငြိမ်းနှင့်အဖွဲ့သည် အမ်းမြို့နယ် လုံးကောက်ကျေးရွာအုပ်စု လောင်းလုံးကျေးရွာ လယ်ကွင်းပြင် တွင် ယခုလ ၁၆ ရက် မွန်းလွဲ ၂ နာရီက လောင်းလုံးကျေးရွာအတွင်းရှိ မဲဆန္ဒရှင် ပြည်သူလူထုနှင့် တွေ့ဆုံခဲ့သည်။
မင်္ဂလာဒုံမြို့နယ် မီးဘေးသင့်ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီငွေနှင့်ပစ္စည်းများလှူဒါန်း
မင်္ဂလာဒုံမြို့နယ် စမ်းကြီးဝ ရပ်ကွက် မီးဘေးသင့်ပြည်သူများ အား ယမန်နေ့နံနက် ၁၁ နာရီက မင်္ဂလာဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊ စမ်းကြီးဝရပ်ကွက် ပြည်ခိုင်ဖြိုးပါတီနှင့် လင်းရနံ့ (အသေးစားငွေချေး လုပ်ငန်း)မိသားစုတို့ပူးပေါင်း၍ မီးဘေးသင့် အိမ်ထောင်စုခုနစ်စုကို မိသားစုတစ်စုလျှင် ဆန်တစ်အိတ်၊ ဆီ ၁ဝ ပိဿာ၊ အလှူငွေကျပ် ခြောက်သောင်းစီဖြင့် စုစုပေါင်း ဆန်ခုနစ်အိတ်၊ ဆီပိဿာ ၇ဝ၊ ငွေကျပ် ၄၂ဝဝဝဝ ကို တိုင်းဒေသ ကြီးပါတီနာယက ဦးဆွေအောင်၊ မင်္ဂလာဒုံမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးစိုးမင်း၊ မြို့နယ် အတွင်းရေးမှူး ဦးမျိုးမင်းနိုင်၊ မြို့နယ်ကော်မတီဝင်များ၊စမ်းကြီးဝ ရပ်/ကျေးခေါင်းဆောင်နှင့်ပါတီဝင် များ၊လင်းရနံ့မိသားစုများမှ မီးဘေး သင့်ပြည်သူများထံသို့ သွားရောက်လှူဒါန်းပြီး မီးလောင်မှုဖြစ် ပွားသောနေရာကို သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကမာရွတ်ပြည်ခိုင်ဖြိုး မဲရုံကိုယ်စားလှယ်များတာဝန်ပေးအပ်
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပါတီကော်မတီ ရုံးတွင် ယမန်နေ့ နံနက် ၉ နာရီက မဲရုံကိုယ်စားလှယ်များအား သင်တန်းပေးခြင်းနှင့် တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်အေး၊ ရန်ကုန်အနောက်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးမိုး ဝင်းကျော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ မဲရုံကိုယ်စားလှယ်များတက်ရောက်ကြပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်အေး က မဲရုံကိုယ်စားလှယ်တာဝန်ပေးအပ်လွှာများ ပေးအပ်ခဲ့ ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ (၃၃)ကြိမ်မြောက် ဒါနဥပပါရမီသွေးလှူဒါန်းပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ပြည်ခိုင်ဖြိုး ပါတီ၏ ကျန်းမာရေးမူဝါဒနှင့်အညီ ပြည်သူလူထုကျန်းမာရေးကို ဘက်စုံထောင့်စုံမှ ကူညီ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁ဝ နာရီက ရန်ကုန်အမျိုးသားသွေးလှူဘဏ်တွင် (၃၃)ကြိမ်မြောက် ဒါနဥပ ပါရမီမြောက် သွေးလှူဒါန်းပွဲအခမ်းအနားကျင်းပရာသို့
ရန်ကုန်မာက်ပိုင်းခရိုင် ပါတီတာဝန်ခံ ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း နှင့် ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးတင်ဝင်းနှင့် ဦးတင်လှိုင်၊ မြောက်ပိုင်းခရိုင် ပါတီကော်မတီ ဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ပါတီဝင်သွေးလှူရှင်များ တက်ရောက်ကြသည်။
ပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးနှင့်ဇနီး ဓာတ်ပေါင်းစုစေတီတော် အုတ်မြစ်ချ ပန္နက်ရိုက် မင်္ဂလာအခမ်းအနားသို့ တက်ရောက်
ဟင်္သာတမြို့နယ် သနွံသနော့ ကျေးရွာရှိ မဟာနန္ဒာရာမ ပရိယတ္တိ စာသင်တိုက်အတွင်း တည်ထား ကိုးကွယ်မည့် ဓာတ်ပေါင်းစုစေတီ တော်အုတ်မြစ်ချမင်္ဂလာအခမ်း အနားကို ယခုလ ၁၆ရက် နံနက် ပိုင်းက အဆိုပါစာသင်တိုက်တွင် ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင် ကော်မတီ ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ ချုပ်နာယက ဒေါ်နီနီဝင်း၊ ဟင်္သာတ ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေး မှူးနှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ် အမှုဆောင်များ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ ကြကြောင်းသိရသည်။
သီရိပျံချီသူရဦးအေးမြင့် ကနန်းဒေသမုနိရံသီရွှေပြည်အေးစေတီတော်ထီးတော်တင်လှ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုဦးဆောင်ကော် မတီ သီရိပျံချီသူရဦးအေးမြင့်သည် ယခုလ ၁၃ ရက် (၁၃၇၈ ခုနှစ် တပေါင်းလပြည့်ကျော် ၁ ရက်) နံနက် ၉ နာရီတွင် ကသာခရိုင် ဗန်းမောက်မြို့နယ် ကနန်းဒေသ မန်ကျည်းကုန်း ကျေးရွာအုပ်စု နန်း တောကျေးရွာအရှေ့ဘက် ဓမ္မပါလ ကုန်းမြေပေါ်တွင် တည်ထားကိုး ကွယ်သည့် မုနိရံသီရွှေပြည်အေး ဆုတောင်းပြည့်စေတီတော်အား ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား တင်လှူပူဇော် ခဲ့သည်။