တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် H.E. Mr. Hong Liang တို့ တရုတ်-မြန်မာနယ်စပ်အနီး လောက်ကိုင် တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး မတ်လ ၂၁ရက်က ဆွေးနွေးခဲ့ကြသည်။
မောင်တော စုံစမ်းစစ်ဆေးရေးကော်မရှင် ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းများသို့ သွားရောက်
မြန်မာအစိုးရ၏ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဘင်္ဂါလီ (ရိုဟင်ဂျာ) ဒုက္ခသည်စခန်းများသို့ ရောက်ရှိပြီး ရခိုင်ပြည်နယ်မှ ထွက်ပြေးခဲ့သော ဒုက္ခသည်များကို မေးမြန်းလေ့လာနေကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက်သတင်းဌာနများက အစီရင်ခံသည်။ (more…)
နိုင်ငံသားစိစစ်ရေး လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ စစ်တွေမြို့တွင် စုဝေး ဆန္ဒထုတ်ဖော်မှု ငါးရက်တိုင် ပြုလုပ်မည်ဟု သိရ
ရခိုင်ပြည်နယ်ရှိ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များအတွင်း နိုင်ငံသားစိစစ်ရေး လုပ်ဆောင်ရာတွင် ဥပဒေနှင့်အညီ လုပ်ဆောင်ပေးရေးအတွက် မတ် ၂၀ ရက်မှ ၂၅ ရက်အထိ ငါးရက်တိုင် စုဝေးဆန္ဒပြ တောင်းဆိုမှုကို ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေဒေသခံတို့က စစ်တွေမြို့ ၀င်္ကဘာ ကွင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (more…)
ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ်များ ဖက်စပ် လုပ်ခွင့်ပြုရန် ဗဟိုဘဏ်စီစဉ်
ဘဏ်လောက ဖွံ့ဖြိုးတိုးတက်ရေးအပြင် ပြည်တွင်းဘဏ်များ နည်းပညာရရှိရေးအတွက် နိုင်ငံခြားဘဏ် များနှင့် ပုဂ္ဂလိကဘဏ်များ အကျိုးတူဖက်စပ်စနစ် ဆောင်ရွက်ခွင့်ပေးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။ (more…)
ရန်ကုန်တိုင်းတွင် လေးရက်အတွင်း မဲဆန္ဒရှင် သက်သေခံလက်မှတ် ထုတ်ယူသူ သုံးသောင်းကျော်ရှိ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြားဖြတ်ရွေးကောက်ပွဲအတွက် မတ်လ ၁၇ ရက်မှ ၂၀ ရက်အထိ မဲဆန္ဒရှင် သက်သေခံ လက်မှတ်လာရောက်ထုတ်ယူသူ သုံးသောင်းကျော်ရှိကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိသည်။ (more…)
အနည်းဆုံးလုပ်ခလစာ ပြန်လည် သတ်မှတ်နိုင်ရေး အထူးအစည်းအဝေးများ ဆက်လက်ပြုလုပ်မည်
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးပြုလုပ်ရန် နောက်ဆုံး တစ်ကြိမ်သာ ကျန်ရှိတော့သဖြင့် အနည်းဆုံးလုပ်ခလ စာကိစ္စနှင့်ပတ်သက်၍ အထူးအစည်းအဝေးများ ခေါ်ယူခြင်းဖြင့်သာ ညှိနှိုင်းဆွေးနွေးမည်ဟု ယင်းကော်မတီဝင်အချို့က ပြောသည်။ (more…)
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဖိလစ်ပိုင် သမ္မတနှင့်တွေ့ဆုံ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မတ်လ(၂၀)ရက်နေ့ လည်ပိုင်းက မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Rodrigo Rao Duterte နဲ့ နေပြည်တော်ရှိ Horizon Lake View Hotel မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မုံရွာတွင် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကြိုတင်မဲ မတ် ၂၂ ရက်မှ စတင်ပေးနိုင်
ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အမတ်အား ရွေးချယ်မဲပေးရမည့် မုံရွာမြို့နယ်တွင် ကြိုတင် မဲများကို မတ် ၂၂ မှ ၃၁ ရက်အထိ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံတွင် မဲပေးနိုင်ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သတင်းရရှိသည်။
ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အမေရိကန် ရေတပ်သင်္ဘော ချစ်ကြည်ရေး ခရီးလာရောက်
ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အမေရိကန်ရေတပ်သင်္ဘော တရားဝင် ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက မတ် ၂၀ ရက်တွင် သတင်း ထုတ်ပြန်သည်။ (more…)
သင်္ကြန်ကာလ အဝေးပြေးကားခများ ဈေးတက်
ယာဉ်လိုင်းပိုင်ရှင်အချို့က ယခုနှစ်သင်္ကြန်ကာလအတွင်း အဝေးပြေးကား လက်မှတ်ခဈေးနှုန်း ၅၀ % တိုးကောက်ခွင့်ပြုရန် YRTA ထံ တောင်းဆိုထားသဖြင့် အစည်းအဝေးဆုံးဖြတ်ချက်မကျခင် အချိန်အတွင်း မှာပင် လက်မှတ်ခများကို တိုးမြှင့်ရောင်းချလျက်ရှိကြောင်း အဝေးပြေးလက်မှတ်အရောင်း ဈေးကွက်ထံမှ သိရသည်။ ယာဉ်လိုင်းပိုင်ရှင်များက အရှုံးပေါ်မှုကိုကာမိရန်အတွက် လက်မှတ်နှုန်းတိုးမြှင့်ကောက်ခံခွင့် ပြုရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ YRTA ထံ ပြီးခဲ့သည့်ရက်ပိုင်းက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ (more…)