ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ကို တရုတ်နိုင်ငံသားများ ငွေကြေးထောက်ပံ့ရန်အတွက် ဖွင့်လှစ် ထားသည့် ဘဏ်အကောင့်ကို တရုတ်နိုင်ငံ စိုက်ပျိုးရေးဘဏ်က ပိတ်သိမ်းလိုက်ကြောင်း ရိုက်တာ သတင်း ဌာနက သတင်းဖော်ပြထားသည်။ (more…)
အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ကျေးရွာလူထုနှင့် တွေ့ဆုံဟောပြော
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးသောင်းငြိမ်းသည် မတ်လ (၂၁) ရက် နံနက် (၁၀) နာရီခွဲအချိန်က အမ်းမြို့နယ်၊ တောင်ဖီလာ ကျေးရွာအုပ်စု၊ ကျေးရွာပြည်သူလူထုနှင့် အဆိုပါ ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း သိမ်တော်အရှေ့ ပရဝုဏ်အတွင်း၌ တွေ့ဆုံခဲ့ကြသည်။
ညောင်လေးပင်၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ကွင်းဆင်းစည်းရုံး
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမည့် အမှတ်(၄)မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းသည် ဒေသခံပြည်သူ များထံ မတ် ၂၂ ရက်က ကွင်းဆင်း စည်းရုံးခဲ့ကြောင်းသိရှိရပါသည်။
ဒီမိုကရေစီ စစ်မှန်ဖို့ ပြည်ခိုင်ဖြိုးကို မဲပေးကြပါစို့…
အောင်မြတ်သူ
ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ နာယကအဖွဲ့ဝင်များ တိုင်းပါတီကော်မတီဝင် များနှင့်တွေ့ဆုံ
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကော်မတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသ ကြီး ပါတီနာယကကြီးများ၊ ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ တွေ့ဆုံညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
လှိုင်သာယာမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များအား တစ်အိမ်တက်ဆင်းတွေ့ဆုံ
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြောက်ပိုင်းခရိုင်ဥက္ကဋ္ဌ ဦးတင်ယုနှင့်အတူ မြို့နယ်ပါတီဝင်များသည် လှိုင်သာယာမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များအား တစ်အိမ်တက်ဆင်း တွေ့ဆုံနေသည့်ပုံရိပ်များကို မတ် ၂၂ ရက်က တွေ့ရစဉ်။
ဖိုးအာကာ
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ချင်းပြည်နယ် ဟားခါးမြို့တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရပ်/ကျေးပါတီကော်မတီဝင်များ ပါတီဝင်များနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ချင်းပြည်နယ် ဟားခါးမြို့ရှိ ပါတီဝင်များနှင့် ဟားခါးမြို့ရှိ ပြည်နယ်ပါတီရုံး ခန်းမ၌ မတ်လ (၂၂) ရက် ညနေ ၄ နာရီတွင် တွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီ ဥက္ကဋ္ဌများမှ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာများ ဖတ်ကြားတင်သွင်းကြပြီး တက်ရောက်လာသော ပါတီဝင်များက လိုအပ်ချက်ကို တင်ပြခဲ့ကြသည်။
လမ်းမတော်နှင့် ကျောက်တံတားပြည်ခိုင်ဖြိုးမဲဆန္ဒရှင်များထံ ကွင်းဆင်းစည်းရုံး
ရန်ကုန်တိုင်းဒေသကြီး အမှတ်(၆)မဲဆန္ဒနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်အေးနှင့်အတူ အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဘဏ္ဍာရေးမှူး ဦးမိုးဝင်းကျော်၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင် (လမ်းမတော်မြို့နယ်တာဝန်ခံ) နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ လမ်းမတော်မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ခေါင်းဆောင်များ၊ ကော်မတီဝင်များ၊ ကျောက်တံတားမြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များသည် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မတ်လ (၂၂) က လမ်းမတော် မြို့နယ် စည်းရုံးရေးခွင်အမှတ် ၁ နှင့် ၂ အတွင်းရှိ ရပ်ကွက်များသို့ မဲဆန္ဒရှင်မိဘပြည်သူများထံ သွားရောက်၍ တရင်းတနှီးမိတ်ဆက်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် စည်းရုံးလှုံ့ဆော်ခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် လူသားဖွံ့ဖြိုးမှုဆိုင်ရာ အလယ်အလတ်အဆင့်သို့ မြင့်တက်လာသော်လည်း အာရှ ပစိဖိတ်နိုင်ငံများတွင် နိမ့်ကျနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်၌ ဖော်ပြ
မြန်မာနိုင်ငံအနေဖြင့် လူသားဖွံ့ဖြိုးမှုဆိုင်ရာ အလယ်အလတ်အဆင့်သို့ မြင့်တက်လာသော်လည်း အာရှ ပစိဖိတ်နိုင်ငံများတွင် နိမ့်ကျနေဆဲဖြစ်ကြောင်း ၂၀၁၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ လူသားဖွံ့ဖြိုးမှု အစီရင်ခံစာနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။ (more…)
အခေါက်ရွှေဈေး ကျပ်ကိုးသိန်းကျော် သို့ရောက်
တစ်ရက်အတွင်း ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၀ ဒေါ်လာအထိ မြင့်တက်သွားခြင်းကြောင့် ပြည်တွင်း ရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ကိုးသိန်းသုံးထောင်သို့ ရောက်ရှိကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။ (more…)
အစားအသောက် ၁၈ မျိုးသည် စားသုံးရန်မသင့်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်
ဈေးကွက်များအတွင်း ရောင်းချလျက်ရှိသောအစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာ အစားအသောက် ၁၈ မျိုးသည် စားသုံးရန်မသင့်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်ကြေညာသည်။